Chapter 62(Unicode+Zawgyi)

3K 77 7
                                    

အခုဆိုညဘက် ရောက်တိုင်း အဲ့လူကြီးက ရိပ်တို့အိမ်ကိုအမြဲရောက်လာပြီး အိပ်ခါနီးနှင်လွှတ်တာတောင် မရ..

စိုင်းနဲ့ အကိုကောင်းခန့်ကို စစ်ကူတောင်းပြီး သူ့ကို နှင်လွှတ်ဖို့ဟာကိုလည်း သူတို့တွေက ကိုယ့်ဘက်မှာမရှိ...အဲ့လူကြီး ဘယ်လိုစည်းရုံးထားလဲမသိ..အလိုတူအလိုပါတွေ...အကျင့်မကောင်းကြဘူး...

သူက မနက်မိုးလင်း၉နာရီကနေ ညနေ၃နာရီ..တခါတလေဆို ၄နာရီခွဲလောက်မှာ အိမ်ကို ရောက်ချလာတတ်သည်။

ဟိုတယ်မှာပြန်သွားနေဆိုတော့လည်းမရ..အတင်းကို အကြောင်းအမျိုးမျိုးပြကာ ရောက်လာမြဲ

ဒါတောင် မနက်နဲ့ နေ့လည်ပိုင်းအလုပ်ရှိသေးလို့..မရှိများမရှိရင် တစ်နေကုန်လိုက်ကပ်နေတာ...တောက်တဲ့ကပ်ရင်တောင်မှ ကြက်သွန်နီနဲ့ခွာလို့ရသေး..သူ့ကြတော့ ဘယ်လိုခွာခွာ superglue နဲ့ကပ်ထားသလိုပင်...နောက်ဆုံး မောင်းထုတ်တဲ့လူသာခြေကုန်လက်ပန်းကျပြီး အရှုံးပေးရတာထုံးစံ..

သားတော်မောင် အမွန်းဆိုသည်မှာလဲ သူ့ဒယ်ဒီရောက်လာတည်းက ဒီက ဖအေကို အရေးကိုမလုပ်..တချိန်လုံး ဒယ်ရီ..ဒယ်ရီနဲ့ ဟွန့်...အမြင်တောင်ကပ်ပါတယ်ဆို...

သူ့ဒယ်ဒီအကြောင်းနဲ့ ပတ်သက်ပြီး သားနဲ့ ကိုယ့်မှာ ရန်ဖြစ်ရတာလဲ အကြိမ်ကြိမ်...

'မွန်းလေး...မရဘူးဆို..'

'အီး..ဟီး..ပါး..ပုတ်..ပုတ်...'

'အမွန်း..ပါပါး စိတ်ဆိုးလာပြီနော်...မရဘူးဆိုမရဘူးကွာ...တခြားဟာကြိုက်တာတောင်း..ပါပါးဒါတော့လက်မခံဘူး...'

'ဟင့်..အင့်..အီီး....'

သားငယ်အော်ငိုနေပေမဲ့လည်း နှောင်းရိပ်ဒီတစ်ခါတော့ ချောဖို့မရှိ..

တကယ်ဘဲ..ကောက်ပေါ့...ကောက်စိန်ရဲ့..မင်းဘဲကောက်နိုင်မလား..ပါပါးဘဲ ကောက်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့..

'ဟွန့်...မွန်းစုတ်..သွား...'

'အင့်..အီး...ဒယ်..ရီ...'ဟုဆိုကာ ထိုပေါက်စဟာ အခန်းထဲကနေပြေးထွက်ပြီး သူ့ဒယ်ဒီစီကို သွားပါတော့သည်။

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now