Chapter 9(Unicode)

2.2K 101 2
                                    

စင်္ကာပူမှာ ဖေဖေနဲ့ အလုပ်ကိစ္စ တစ်လဆိုပြီးသွားရာကနေ ဖေဖေက ရန်ကုန်ဘက်မှာ ကိစ္စပေါ်လာတာကြောင့် ကျွန်တော် တစ်ယောက်တည်း စင်္ကာပူမှာ နေခဲ့ရသည်။

တစ်လဆိုတဲ့ အချိန်က ကျွန်​တော့်အတွက် လုပ်ငန်း အတွေ့အကြုံ အများကြီး ရခဲ့တယ်...

ရန်ကုန်မှာ ကျွန်တော် တက်နေတဲ့ YTUတက္ကသိုလ်ကလည်း ပြီး..ဘွဲ့လည်းရတော့ ဖေဖေက စင်္ကာပူဘက်က siteတစ်ခုကို တာဝန်ယူခိုင်းခဲ့တာပေါ့..

တစ်နေကုန် အလုပ်လုပ်ရတာ ပင်ပန်းပေမယ့် ညရောက်လို့ မ စီက ဖုန်းရရင် ပင်ပန်းတာတွေ အကုန်ပြေကုန်တာပေါ့..မက အဲ့လို စွမ်းတာ..

အခု ကျွန်တော် ဒီရောက်နေတာ ၄ လခွဲ ရှိပြီလေ..

မကို လည်း အရမ်းလွမ်းနေတာ..

တတ်နိုင်ရင် ဒီက အလုပ်ကိစ္စတွေ အကုန်ပစ်ပြီး မစီကို ပြေးလာချင်တာ..ဒါပေမယ့် ဖေဖေ့ကိုလည်း ဖားရမယ်လေ..

ကျွန်တော် အလုပ်ကြိုးစားပြမှ ဖေဖေကို မနဲ့ ကျွန်တော့် အကြောင်းပြောရင် နည်းနည်းများ အဆင်ပြေမလားလို့..

ဟူး..လွမ်းလိုက်တာမရယ်..

လွမ်းတယ်ဆိုလို့..ကျွန်တော် ဟို ငမွှေထိုး အကောင်ပေါက်လေးကိုလည်း လွမ်းမိသား..

အခု သူ ဘာတွေ လုပ်နေမလဲ..

ဘယ်သူတွေကို ပြုံးပြနေမလဲ..

ဘယ်သူတွေနဲ့ အတူရှိနေမလဲ...

သူ အဆင်ရော ပြေရဲ့လား..

အစားရော ပုံမှန်စားရဲ့လား..

ဆေးသောက်ဖို့ရော မေ့နေသေးလား..

အကောင်ပေါက် အကြောင်းကို ကျွန်တော် စဉ်းစားလေ စိတ်တိုဒေါသထွက်လာသလို စိတ်လည်း ပူခဲ့တယ်..

သူ တခုခု ဖြစ်နေတာတော့ မဟုတ်ဘူးမလား...

အို..သူ့ဘာသူ ဘာဖြစ်ဖြစ်ပေါ့..သူတောင် ကျွန်တော့်တို့ကို အဆက်အသွယ်ဖြတ်ပြီး နေနိုင်သေးတာဘဲ...အကောင်ပေါက်..တွေ့လို့ကတော့ အရေခွံခွာပစ်မယ်..ဟွန့်...

တခုသော ညတစ်ညတွင်

ကျွန်တော့်ရဲ့ ညဘက် ပုံမှန် အလုပ်တစ်ခုလို ဖြစ်နေတဲ့ မနဲ့ ဖုန်းပြောခြင်း အလုပ်ကို စတင်ခဲ့သည်။

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now