Chapter 44(Unicode)

2.7K 93 8
                                    

🎶မောင် အဆင်ပြေရဲ့လား....
အချိန်ကုန်တာမြန်လိုက်တာ....
မတူတဲ့ ဘဝနှစ်ခု ပေါင်းဆုံဖို့....
မောင်သတ္တိ နည်းနေတာ မဟုတ်လား...🎶

🎶မောင်တွေဝေနေတုန်းလား....
အချိန်ယူချင်နေသေးလား....
ရုတ်တရက် တခြားတစ်ယောက် အတွက်နဲ့များ ....
ဒီအတိုင်း လမ်းခွဲကြတာ တန်ရဲ့လား....🎶

🎶မောင်ပျော်နေတယ်မဟုတ်လား...ဟူး....
တခြားသူရင်ထဲမှာ....
ဘယ်သူမှ မမှားတဲ့ ပုစ္ဆာတစ်ပုဒ်မှာ
တစ်ဖက်တည်းက ကြည့်နေတာ တရားလား...🎶

🎶မောင်လိုနေတဲ့ အချိန်တိုင်း...ရှိနေပေးမယ်...
မောင်မလိုတော့ဘူးဆိုလဲ...ဟိုအဝေးကိုထွက်သွားမယ်...
ပိုနေလဲပြောပါ...မလိုချင်တဲ့ သဘောလား...
ထွက်သွားမှာပါ....🎶

🎶မောင်အရင်လိုမဟုတ်တာလဲ...
ဘေးလူတွေကြောင့်ဖြစ်မယ်....
မောင်ကိုယ်တိုင်ကလည်း...စိတ်မပါတာဖြစ်မယ်...
အဆင်မပြေလဲ ပြောပါ...
မလိုချင်တော့တဲ့အခါ...
ထွက်သွားမှာပါ....🎶

နှောင်းရိပ်တစ်ယောက် မီးဖိုထဲမှာ နေ့လည်စာ ချက်ပြုတ်နေရင်း သီချင်းလေး ညည်းမိသည်။

'Wow...!!!'

နောက်မှ နှောင်းရိပ်အသံကြားလို့ လှည့်ကြည့်လိုက်တော့...

'အယ်...အကိုကောင်းခန့်...ဒီနေ့ပြန်လာတာစောသားဘဲနော်...'

'အင်း..နှောင်းလေးရဲ့...အကို့duty ချိန် သိပ်မပါတာနဲ့ မြန်မြန်ဘဲပြန်လာလိုက်တာ..'

'အော်...ဒါနဲ့ အကို ကောင်းခန့် ဗိုက်ဆာနေပြီလား...နှောင်းရိပ်ပြင်ပေးမယ်လေ...'

'အင်း..အကိုအဝတ်လဲပြီး လာခဲ့မယ်နော်...'

'ဟုတ်...'

နောက်တော့ ညီအစ်ကို နှစ်ယောက် ထမင်းတူတူစားကြရင်း

'ဒါနဲ့ နှောင်းလေး...'

'ဗျာ...'

'စောစောက...'

'ဘာလဲဟင်...??'

'ဟို..သီချင်းလေ...အဲ့တာက နားထောင်လို့ ကောင်းလိုက်တာ...အကို အဲ့ သီချင်းကို တခါမှ မကြားဖူးဘူး...'

'ဟက်...အကိုကလည်း..နောက်ပြီ...ဘယ်ကြားဖူးမလဲ...အဲ့ဒါက ထွက်မှ မထွက်သေးတာ...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now