Chapter56(Unicode+Zawgyi)

2.1K 77 11
                                    

'ကလင်..ကလင်...!!!'

'ကလင်....ကလင်လင်!!!!'

'ဟဲလို....ငါပြောနေတယ်လေ...!!!ငါ့ကိုဖုန်းမဆက်နဲ့လို့!!!...အင့်..'

'ဆရာ...ကျွန်တော်ပါ...'

'ဟင်...မင်း....S....မလား...'

'ဟုတ်ပါတယ်ဆရာ....ကျွန်တော့်ကို စိတ်မဆိုးပါနဲ့...ကျွန်တော် သခင်လေးတို့ကို စိတ်မချလို့ ကြားထဲမှာ သခင်လေးတို့အကြောင်းကိုစုံစမ်းနေတာပါ....ဒါကြောင့် ဆရာ့ကိုထားခဲ့ရတာပါ....'

'......'

'ဆရာ....ကျွန်တော်ပြောတာကြားလားဟင်....'

'အင့်....'

'ဆရာ...ငိုနေတာလား???'

'ငါဝမ်းနည်းလို့ပါ...ငါ့ဘက်မှာ...ဘယ်သူမှ မရှိတော့ဘူးလို့...အင့်..ထင်နေတာ....မင်း..ရှိသေးလို့....'

'ဆရာရယ်...ကျွန်တော်က ဆရာ့ဘက်မှာအမြဲရှိပါတယ်...ဒါနဲ့ ဆရာ...အကိုလေးသတင်း..ဘာကြားသေးလဲ...'

'ငါ...ငါအခုထက်ထိ ဘာမှ မသိရဘူး...ရိပ်ရော...ငါ့..သားလေးရော...အခု ဘယ်မှာများလဲ..???'

'......'

'ငါးလတောင်ရှိပြီကွာ...ငါရှာနေတာ...ရိပ်ရဲ့ သတင်းအစအနလေးတောင် ငါမသိရဘူး....မင်းရော....'

'ဆရာ...'

'မင်းသိလား...ဖေဖေကပြောတယ်..ရိပ်က လောကကြီးမှာမရှိတော့ဘူးတဲ့ အင့်...ဟား...ရယ်ရတယ်နော်...ငါ့ရိပ်လေးက ငါ့ကို ဘယ်လောက်ချစ်လဲဆိုတာ မင်းလဲ..အင့်...သိသားနဲ့..ရိပ်က ငါ့ကို လွယ်လွယ်နဲ့ထားသွားမယ်တဲ့လား...ဟက်...ဟား...'

'ဆရာရယ်...ကျွန်တော်လည်း ဆရာနဲ့အတူ ထပ်တူဝမ်းနည်းမိပါတယ်...'

'ဟင်..ထပ်တူဝမ်းနည်းတယ်ဆိုရအောင် ..အင့်..ရိပ်...ရိပ်လေးက ဒီကမ္ဘာကြီးက နှုတ်ဆက်ထွက်ခွာသွားတဲ့အတိုင်းဘဲ...ဝမ်းမနည်းနဲ့ စိုင်း...ဒါက ..အင်း..ရိပ်လေးက ငါ့ကို စိတ်ဆိုးနေလို့ ပုန်းနေတာနေမှာပါကွာ....အချိန်တန်တော့ သားလေးနဲ့အတူ အိမ်ပြန်လာမှာပေါ့ကွ...ငါက..ငါက စောင့်ရမှာ..အင့်...'

'ဆရာ...တချို့အမှန်တရားတွေက နားလည်ရခက်ပေမဲ့ အကြောင်းအရာခိုင်လုံခဲ့ရင်တော့ လက်ခံသင့်ရင်လက်ခံရမှာဘဲ...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now