Chapter 28(Unicode)

2.2K 98 6
                                    

ရှင်းစက်တို့ကားလေး ခြံထဲဝင်တော့ အိမ်ထဲကနေ အပြေးထွက်လာသူက ဒေါ်မြ..

ရှင်းစက်တစ်ယောက် နောက်ခန်းတံခါးဖွင့်ကာ နှောင်းရိပ်ကို ပွေ့ချီလျက် ကားပေါ်က ဆင်းလာတော့ ဒေါ်မြက ပြာပြာသလဲ

'ဆရာရယ်..ဆရာကတော်က ဘယ်လိုဖြစ်ရတာလဲ...??'

'မူးနေတာလေ...မသောက်တတ်ဘဲနဲ့ လျှောက်သောက်တာကို...တကိုယ်လုံးလည်း အရက်နံ့က နံစော်နေတာဘဲ..ဟင်း...'

'အော်..ဆရာကတော်ကတော့လေ..ဖြစ်ရမယ်...'

'Sရေ...'

'ဟုတ်ဆရာ..'

'ကားကို ခြံထဲမှာဘဲ ထိုးပြီး မင်း ဒီည ဒီမှာဘဲ အိပ်လိုက်တော့...'

'ဟုတ်...ဆရာ..'

'ဒေါ်မြက အဲ့အမူးသမားအတွက် အမူးပြေမယ့်ဟာ တစ်ခုခု လုပ်လာပေးဦး..'

'ဟုတ်..ဆရာ..ဒေါ်မြ အခုချက်ချင်းလုပ်လိုက်ပါ့မယ်...'

ထိုအချိန် ရှင်းစက်ရဲ့ ရင်ခွင်ထဲက အကောင်ပေါက်က တအင်းအင်းနဲ့ လှုပ်လာတော့ ရှင်းစက်က

'အဲ့ဒါက ဘာဖြစ်ရပြန်ပြီလဲ..ဟင်...'

'ပူ..ပူလိုက်တာ..ဗိုက်လည်းအောင့်တယ်..ဟင့်...'

ဟုတ်ပါတယ်..ရှင်းစက် နှောင်းရိပ်မျက်နှာကို တချက်ကြည့်လိုက်တော့ ချွေးလေးတွေလည်း ဝေ့သီလို့..မျက်မှောင်ကြုတ်လျက် တခုခုကို အလိုမကျဖြစ်နေပုံ...

'ဗိုက်..ဗိုက်နာတယ် ကိိုကို..ဟင့်...အရမ်း...'

'ဆရာ...သခင်လေးက...'

'ဒေါ်မြရေ..ကျွန်တော် ဘာလုပ်ရမလဲ..'

အမှန်တော့ နှောင်းရိပ်ကို ကြည့်ပြီး ရှင်းစက်လည်း ဘာလုပ်လို့ ဘာကိုင်ရမလဲမသိဇောချွေးပြန်နေပြီလေ...

'ဆရာရယ်..ကြည့်ရတာ ဆရာကတော်က အရက်တွေနဲ့ မတည့်လောက်ဘူး...ပြီးတော့ အစာအိမ်က သောက်လိုက်တဲ့ ပမာဏကိုလက်မခံဘဲ အောင့်နေတာဖြစ်မယ်...အခုလုပ်ရမှာက အဲ့ဒါတွေ အကုန် အန်ထုတ်လိုက်မှ အဆင်ပြေမှာ...'

'ဒါဆို..အန်ဖို့လုပ်ရမှာပေါ့...'

ထိုအချိန်...

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now