Chapter 38(Unicode)

2.1K 92 18
                                    

နှောင်းရိပ်လေးတစ်ယောက် အလုပ်လုပ်နေရင်းမှ စောစောက မိမိနိုင်ရဲ့စကားတွေကို ပြန်ကြားယောင်လာမိသည်။

"အလုပ်လုပ်ရင် အသံမထွက်စေနဲ့ ..အပေါ်မှာ ငါ့သမီးနဲ့ သမက် ညက ပင်ပန်းထားလို့ အနားယူနေတယ်..."

ညက ပင်ပန်းထားလို့အနားယူနေတယ်တဲ့လား...

ဒါဆို...ကိိုကိုနဲ့ ကေသရီနဲ့က ခင်ပွန်းနဲ့ဇနီးအရာရောက်သွားကြပြီပေါ့....

ပြီးတော့ ရှေ့ရှောက် နှောင်းရိပ်ဆိုတဲ့ ကျွန်တော်ကရော ကိုကို့အတွက် အရေးပါ အရာရောက်ပါတော့မလား...

အော်...အတွေးလွန်နေပြန်ပါပြီ...ကိုကိုမှ နှောင်းရိပ်ကို အရေးမစိုက်တာ...

အန်တီမြကလည်း ထွက်သွားပြီတဲ့...

ကိိုကိုရာ ...အနည်းဆုံးတော့ နှောင်းရိပ်ကို ဒီအကြောင်းလေး ပြောသင့်တယ်လေ...

အခုဆို နှောင်းရိပ် ဒီအိမ်ပြီးထဲမှာ တစ်ယောက်တည်း အထီကျန်နေရတော့မှာ...

နှောင်းရိပ်ရဲ့ စကားပြောဖော် အန်တီမြမှ မရှိတော့တာ...

'ဟင်း....'

'ဟဲ့ကောင်....အလုပ်ကို လှုပ်စိလှုပ်စိလုပ်မနေနဲ့...ခဏနေကြရင် မေမေကြီးရဲ့ breakfast စားချိန်ရောက်ပြီ...မြန်မြန်သွက်သွက်လုပ်...'

'ဒီက အဒေါ်ကြီး...'

'ဘာ...ငါ့ကို မင်းက ဘယ်လို ခေါ်လိုက်တယ်...'

'ဟက်...အဒေါ်အရွယ်မို့ အဒေါ်ခေါ်တာလေ...နှောင်းရိပ်ဘာမှားသွားလို့လဲ....'

'ဟဲ့ကောင်...နင်နဲ့ငါ ကွာမှ အလွန်ဆုံး ၁၀နှစ်ပေါ့...'

'အော်...နှောင်းရိပ်က အခု အသက် ၂၀လေ..ဒါဆို ဒီက အဒေါ်ကြီးက ၃၀လောက်ရှိရောပေါ့..၃၀ဆိုပေမယ့် မထင်ရဘူးနော်...'

'အဟင်း...ငါ့ကိုငါ နုမှန်းသိတယ်...'

'မပြောမိပါဘူး..နုတယ်လို့ အဒေါ်ကြီးကို...'

'ဘာ!!!...နင်ဘာသောက်စကားပြောတာလဲ...'

'အဒေါ်ကြီးက ပြောတာ ဆုံးအောင်မှ နားမထောင်ဘဲ...'

'နင်ဘာပြောချင်တာလဲ...'

'ရိုးရိုးလေးပါ..အသက်၃၀လို့မထင်ရဘူး...အဲ့ထက် အများကြီးအသက်ကြီး တယ်လို့ထင်ရတယ်လို့...'

နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကိုWhere stories live. Discover now