ခင်ဗျားတို့ သိကြရဲ့လား..အခုလေ နှောင်းရိပ်ရဲ့ နေ့ရက်တိုင်း နေ့ရက်တိုင်းဟာ အကို ရှင်းနဲ့ ဘဲ အစပြုခဲ့ရတယ်ဆိုတာ..
နားမလည်သေးဘူးဆိုရင် နှောင်းရိပ် ရှင်းပြမယ်နော်..
နှောင်းရိပ်ကနေ ပထမဦးဆုံးအနေနဲ့ အကို ရှင်းကို စိတ်ဝင်စားခဲ့တယ်...တဖက်သတ်အချစ်ဆိုပေမယ့်လို့ နှောင်းရိပ် အတွက် သိပ်မခက်ခဲခဲ့ပါဘူး..
ဒါပေမယ့်လို့ ကံကြမ္မာက နှောင်းရိပ်ကို မျက်နှာသာ မပေးချင်ဘူး ထင်ပါတယ်ဗျာ..
နောက်တော့ နှောင်းရိပ်ရဲ့ အကိုရှင်း အပေါ် ထားတဲ့ အချစ်တွေကို နှောင်းရိပ်ကိုယ်တိုင်ဘဲ ရိုက်ချိုးဖျက်ဆီးခဲ့ရတယ်..
ဘာလို့ဆို အကိုရှင်းမှာက သူသိပ်ချစ်ရတဲ့ ကျွန်တော့်ရဲ့ အမတစ်ယောက်လို ကျွန်တော် ချစ်ရတဲ့ မမသဒ္ဓါရှိနေပြီလေ..
ဒါကြောင့် ကျွန်တော် ကြည်ကြည်ဖြူုဖြူဘဲ နောက်ဆုတ်ပေးခဲ့ပြီး သူတို့နဲ့ဝေးရာမှာ သူတို့ကို အထူးသဖြင့် အကိုရှင်းကို မေ့နိုင်အောင် ကြိုးစားခဲ့ရတော့တာပေါ့..
သုံးနှစ်...သုံးနှစ်ဆိုတဲ့ အချိန်ဟာ အကိုရှင်းကို မေ့ပစ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော် တခါတလေတော့ သတိရတုန်း..
နောက် ကျွန်တော့်ဘက်က စိတ်ဒုန်းဒုန်းချပြီး အကိုရှင်းကို မေ့တော့မယ်လို့ စဉ်းစားကာမှ ဟော..ကျွန်တော့်ရှေ့မှာ မမျှော်လင့်ဘဲ ပေါ်လာပြန်တယ်...
ကျွန်တော် ဘယ်လို ဆက်လုပ်ရမလဲဗျာ..
အကိုရှင်း နဲ့အတူ အခုဆို ညတိုင်းလိုလို ဖုန်းပြောဖြစ်တယ်..
အကို ရှင်းက သိပ်ဆိုးတယ်..အဲ့ဒါ ခင်ဗျားတို့ သိလား...
တရက် သူဖုန်းဆက်တာ ကျွန်တော်က မသိဘဲ ရေချိုးနေခဲ့တာလေ..ဖြစ်ချင်တော့ ဖုန်းက silent လုပ်ထားတော့ အသံကလည်း မကြားရ..
ရေချိုးပြီး အခန်းထဲဝင်မယ်ဆိုပြီး အခန်းတံခါးဖွင့်ကာ မီးဖွင့်ပြီး ကျွန်တော် ဝင်လိုက်တယ်..
နောက် အင်္ကျီထုတ်ဖို့ ကုတင်ဘေးက ဗီဒိုစီသွားဖို့ ဒီဘက်လှည့်လိုက်တော့
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...