'ဒိုင်း..!!!!'
ကျည်ဟာ တန်းတန်းမတ်မတ်ကို နှောင်းရိပ်တို့ရှိရာဘက်ကို ဦးတည်သွားလေသည်။
သေနတ်သံကြားလို့ နှောင်းရိပ်..ရှင်းစက်နဲ့...ကြီးမေတို့က လှည့်အကြည့်...
'ရိပ်..!!!'
'သားငယ်..!!!!!အမလေး..!!!!'
နှောင်းရိပ်စီသို့ တန်းမတ်စွာလာသောကျည်ကြောင့် ရှင်းစက်တစ်ယောက် နှောင်းရိပ်ကိုဖက်ကာ နှောင်းရိပ်ရဲ့ အရှေ့ကနေကာလိုက်သည်။
သို့ပေမဲ့ သူတို့နှစ်ယောက်စလုံးဟာ တစ်စုံတစ်ယောက်ရဲ့ တွန်းပို့ခြင်းခံရသောကြောင့် ဘေးနားသို့ လဲကျသွားရသည်။
'ဘုတ်...!!!'(မြေကြီးပေါ်သို့ နှောင်းရိပ်နဲ့ရှင်းစက် ပြုတ်ကျသံ...)
ထိုအသံနဲ့အတူ တစ်စုံတစ်ယောက်ရဲ့ နာကြင်စွာညည်းသံကိုလည်း ကြားလိုက်ရသည်။
'အား..!!!'
ရှင်းစက်ကတော့ နှောင်းရိပ်ရဲ့ ကိုယ်ခန္ဓာကိုစမ်းကြည့်ကာ
'ရိပ်...ဘယ်..ဘယ်နားခိုက်မိသွားသေးလဲ...ဟင်...ကိိုကို့ကို ပြောပါဦး...'
'ဟင့်..ဟင့်အင်း...ကြီးမေရော???'
'သား..ငယ်...'
'ကြီး..ကြီးမေ...'
'လိမ်လိမ်မာမာ..နေရမယ်နော်...ရှင်းစက်..ကောင်လေး...သားငယ်က မင်းကို အရမ်းချစ်ခဲ့တာ..သားငယ်လေးက သိပ်ကို သနားဖို့ကောင်းတာ...သူ့ကို..ဂရုစိုက်ပေးပါ..ကြင်နာပေးပါ...သားငယ်ကို ချစ်ပေးပါ...ကြီးမေ ဒါလေး..တောင်းဆိုလို့ရမလား...'
'ဗျာ!!!'
'ကြီး..မေ..ဟင့်...ဘာ..ဘာတွေပြောနေတာလဲ...????'
'ရိပ်...ကြီးမေ..ကြီးမေဗိုက်မှာ သွေး..သွေးတွေ..!!!'
ရှင်းစက်ပြောမှ နှောင်းရိပ်လည်း သေချာကြည့်မိတော့သည်။
တ..တကယ်ဘဲ..သွေးတွေ...
ဒါကြောင့် နှောင်းရိပ်လည်း ကြီးမေစီအပြေးသွားကာ ပွေ့ဖက်လိုက်တော့ ကြီးမေရဲ့ ကိုယ်လေးဟာ နှောင်းရိပ်လက်ထဲမှာ ပျော့ခွေစွာ ပါလာတော့သည်။
'ကြီး..ကြီးမေ..ဟင့်..'
နှောင်းရိပ်က ကြီးမေရဲ့ ဗိုက်က သွေးထွက်နေတဲ့နေရာကို လက်နဲ့ ဖိပေးထားပြီး မျက်လုံးမှလည်း မျက်ရည်ကြည်တွေက တစ်လုံးချင်း လှိမ့်ဆင်းလာသည်။
YOU ARE READING
နှလုံးသားကို အရင်းတည်၍ ချစ်ခဲ့ရပါသော ကိုကို
Romanceနှောင်းရိပ်ဆိုတဲ့ ကျွန်တော့်မှာ အချစ်ဆိုတာ ကိုကိုနဲ့တွေ့မှ ဒီနှလုံးသားလေးက ခံစားတတ်လာတာပါဗျာ... ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်... ဒါပေမယ့်..ကိုကိုက ရက်စက်တယ်သိလား...ကျွန်တော့်ကို အရမ်းမုန်းတယ်တဲ့...သေလောက်အောင် သတ်ဖြစ်ချင်လောက်အောင်ကို မုန်းတယ်တ...