ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.5
သင်းရနံ့တွေးမိတာ ပြေးဖို့
ဒါပေမဲ့ ပြသနာက လူးလှိမ့်နေတဲ့သူ့ကိုကျော်ပြီး
ဘယ်လိုသွားရမလဲဆိုတာပဲသူမကျောကပ်ထားတဲ့တံခါးကများဖွင့်လို့ရမလား
သူမကျောလှည့်ကာ တံခါးဖွင့်ဖို့ကြိုးစားလိုက်ပေမဲ့ ကားမပြောနဲ့ဆိုင်ကယ်တောင်မစီးတတ်တဲ့သူမ ပြသနာထပ်တက်ပြန်တယ်
ဘယ်နေရာကိုနှိပ်ရင် တံခါးပွင့်မလဲ
အဲ့ဒါကိုတွေးနေရတာနဲ့ သူမလက်ကရှက်ဖို့ကောင်းစွာ လေထဲတန်းလန်းရပ်တန့်လို့နေတယ်
ခလုတ်တွေက ဘယ်နေရာမှာလဲ ဒီမှာသုံးခုတော့တွေ့တယ်
"အာ ဘာပဲဖြစ်ဖြစ် ဒီကလွတ်ရင်ပြီးရော"
နောက်ဆုံးတော့ မျက်စိစုံမှိတ်ကာ တွေ့တဲ့ခလုတ်ကို အသားကုန်နှိပ်ရင်းထွက်ပြေးဖို့လမ်းစဉ်ကိုချဲ့ထွင်ရတော့တယ်
ကံကောင်းစွာ သူမနှစ်ခါမြောက်နှိပ်ပြီးတဲ့အချိန်မှာတော့ တံခါးပွင့်သွားခဲ့တယ်
ပွင့်သွားတယ်
ပွင့်သွားပေမဲ့ သူမခါးကိုသန်မာတဲ့လက်တစုံကလာရောက်ရစ်ပတ်သွားပြီး ကယ်ကြပါ လို့အော်ဟစ်အကူအညီတောင်းလုဆဲဆဲ သူမပါးစပ်ကိုလဲလက်တဖက်ကပိတ်လိုက်တာေကြာင့် ကားထဲပြန်ရောက်သွားပါတော့တယ်
ကယ်ကြပါ
တစ်ယောက်ယောက်ကယ်ကြပါ
ဘယ်သူမှမကယ်ကြတော့ဘူးလား
ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်ပေမဲ့ သူမကိုအေးစက်စွာစိုက်ကြည့်လာတဲ့သူ့အကြည့်ကြောင့်
သူမရဲ့ကယ်တင်ရှင်ကိုရှာတဲ့ဇတ်လမ်းစောစောစီးစီး တခန်းရပ်ပြဇတ်လို ရပ်တန့်သွားပါတော့တယ်
သူမတိတ်သွားပေမဲ့ သူမခါးကိုဖက်ထားတဲ့သူ့ရဲ့လက်တွေထဲကအတင်းရုန်းနေမိပြန်တယ်
သူမအံကြိတ်အာ အောင့်အီးသီးခံနေပေမဲ့ ယားလွန်းလို့ မျက်ရည်တွေတောင်ဝဲတက်လာခဲ့တယ်

BẠN ĐANG ĐỌC
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Viễn tưởngown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...