ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.30.
ဆေးအလုံးငါးဆယ်
ပြောဖို့ရာလွယ်ကူသော်လည်း လက်တွေ့မှာတော့ခက်လှတယ်
ဆေးအလုံးငါးဆယ်လုံးကိုတပြိုင်နက်ထဲသောက်ပစ်ဖို့ဆိုတာ လွယ်တော့လွယ်ကူမနေခဲ့
ထို့ကြောင့် ရွေးချယ်စရာမရှိစွာနဲ့ သူမဟာ ဆေးငါးလုံးခြောက်လုံးကိုလေးငါးခါလောက် ကြိုးစားပမ်းစားသောက်ရလေတယ်
သူမအထင် အလုံးသုံးဆယ်ကျော်လေးဆယ်နီးပါးရှိလောက်တဲ့အခါ ထွက်မလာပဲပုံနေတဲ့အလုပ်တွေလာမလုပ်တာကြောင့် ဆူဖို့ဝင်လာတဲ့အဘွားဟာသူမလုပ်ရပ်တွေကိုတွေ့သွားခဲ့တယ်
သူမလဲ အတော်ကြာတောင့်ခဲနေပြီးမှ ဆေးဘူးထဲကလက်ကျန်ဆေးလုံးတွေကို ပါးစပ်ထဲအကုန်ထည့်လိုက်ပြီး မျိုချပစ်လိုက်ဖို့ခက်ခက်ခဲခဲကြိုးစားလိုက်လေတယ်
ဒါပေမဲ့လဲ သူမထက်နှစ်ဆလောက်ကြီးတဲ့အဘွားက သူမအမေကို ပါးစပ်ကလဲအော်ရင်း သူမပေါင်ပေါ်တက်ဖိထားကာ သူမပါးစပ်ထဲကဆေးလုံးတွေကိုကလော်ထုတ်ပေးနေခဲ့တယ်
အမှန်တော့ သူမခန္ဒာကိုယ်မှာ အားမရှိသလိုဖြစ်နေတာဟာ ဆေးလုံးသုံးဆယ်ကျော်လောက်ကိုသောက်ပြီးသွားတဲ့အချိန်ကပဲ
အခုလို ကြီးကြီးမားမားခန္ဒာကိုယ်နဲ့ သူမအဖွားက သူမကိုအိပ်ရာထက်မှာဖိထားပြီး ပါးစပ်ထဲကဆေးတွေကိုအတင်းကော်ထုတ်နေတဲ့အခါမှာတော့ သူမရဲ့အားအင်မဲ့တဲ့လက်တွေကမရုနး်နိုင်တော့ဘူး
သူမရဲ့ကမ္ဘာအမှောင်အတိကျသွားခဲ့တယ်
မဟုတ်သေးဘူး
အမှောင်ကမ္ဘာမှာပိတ်မိနေတာဆိုရင်ပိုမှန်တယ်
အကုန်ကြားနေရတယ်
ဝေဝါးနေပေမဲ့ ငိုသံတွေကိုတော့ သူမကြားနိုင်သေးတယ်
သူမပါးစပ်ကိုဖွင့်ပြီး သူမကိုထုရိုက်နေတာကိုရပ်ဖို့ပြောလိုက်ချင်တယ်
သူမ မသေသေးပါဘူးလို့ပေါ့
လေမှာလွင့်မျောနေရတဲ့ခံစားချက်က ကောင်းလွန်းတယ်
KAMU SEDANG MEMBACA
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasiown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
