Chapter.40.
"ရောက်တာကြာပြီလား "
"အင်း နဲနဲပါ ...ကလေးတွေကိုဘာလို့အော်နေတာလဲ "
"မအော်လို့မရဘူး မဟုတ်ရင် ထမင်းချိုင့်တွေကိုမြေကြီးပေါ်မှာဒီအတိုင်းချစားကြမှာ အဲ့ဒါကြောင့် မြက်ခင်းပေါ်မှာစား သစ်ပင်အောက်မှာစားလို့အော်နေရတာ လည်ချောင်းတောင်နာတယ် "
"ရော့ ရေသောက်လိုက်ဦး "
သူဖွင့်ပေးတဲ့ရေဘူးကိုသောက်လိုက်ရင်း သူမကအဝေးက ကလေးတွေကိုကြည့်လိုက်သေးတယ်
"ကိုယ့်ကိုအိမ်မလည်မခေါ်တော့ဘူးလား "
"အဲ့ဒါက သင့်တော်ပါ့မလား "
"ဘာလို့မသင့်တော်ရမှာလဲ နောက်ဆိုလဲ အမြဲလာနေမှာကို "
"ဟမ် ဘာလို့လဲ "
"နှလုံးသားမရှိတဲ့မိန်းကလေး ကိုယ့်ကိုတလမှတကြိမ်လောက်ပဲတွေ့ဖို့စဉ်းစားနေတာလား "
"အဲ့လိုတော့မဟုတ်ပါဘူး တလနှစ်ကြိမ်လောက်တော့တွေ့လို့ရပါတယ် "
သူမလေးရဲ့ထောင်ပြထားတဲ့လက်နှစ်ချောင်းကိုဆုပ်ကိုင်လိုက်ရင်း
"စိတ်မချပါဘူး "
"ဆရာကြီး သေချာလဲကြည့်ဦးနော် ဒီပတ်ဝန်းကျင်မှာ ငါ့ကိုစိတ်ဝင်စားတာဆိုလို့ ကျောင်းထဲလာလွတ်ထားတဲ့နွားတွေကျွဲတွေပဲရှိလိမ့်မယ် "
"အဲ့ဒါမေးချင်တာ ဘာလို့ကျောင်းထဲလာလွှတ်ထားတာလဲ ကလေးတွေကိုအန္တရာယ်ပြုမိမှာမကြောက်ဘူးလား "
"ဟူးးးး အဲ့ဒါကလဲပြောလို့မရပါဘူး မြို့ပေါ်ကျောင်းမဟုတ်ပဲ ရွာကျောင်းဆိုတော့ ပြီးတော့ ကလေးတွေကလဲ နွားကျောပေါ်တောင်တက်စီးပြီးလျှောက်ပြေးနေကြဆိုတော့ တားလဲ အသံဝင်သွားတာပဲအဖတ်တင်မှာ ဟော ပြောရင်းဆိုရင်း တွေ့လား ဟိုးမှာ ကြည့် တနေ့တနေ့အဲ့မြင်ကွင်းတွေကြည့်တာ သွေးတောင်တက်ချင်တယ် "
သူမလက်ညိုးထိုးပြတဲ့နေရာကိုသူကြည့်လိုက်တယ်
အဟုတ်ပဲ
DU LIEST GERADE
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
