ch.6.uni

1.7K 80 0
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.6.

ကျယ်လွန်းလှတဲ့အိပ်ခန်းပဲ

ကုတင်ကြီးကလဲ သူမတခါမှမမြင်ဖူးတဲ့အပြင်အဆင်မျိုးနဲ့ ခမ်းခမ်းနားနားပြင်ဆင်ထားတယ်

ကြီးမားတဲ့ပန်းချီကားတွေချိတ်ဆွဲထားပြီး မီးဆိုင်းတွေကလဲ အတော်လှတယ်

ရှိသမျှအရာအားလုံးဟာ သူမနဲ့အလှမ်းဝေးလှပြီး တခါမှမမြင်ဖူးတဲ့အရာတွေချည်းပဲ

သူမကိုအောက်ချပေးပြီးထဲက သူမရဲ့မျက်နှာအမူအယာတွေကိုတခုမကျန်လိုက်ဖတ်နေတဲ့ အဲ့လူကိုလဲ သူမ သတိမထားမိ

ပါးစပ်ဟောင်းလောင်းနဲ့ ငေးနေမိတဲ့အဖြစ်ကိုလဲ အလေးမထားမိ

တသက်မှာတခါသာမြင်ရတဲ့အတိုင်း အားလုံးဟာအသစ်အဆန်းဖြစ်လို့နေတယ်

ရုတ်တရက် သူမကောင်းကင်ဘုံကိုရောက်သွားခဲ့တဲ့အတိုင်းပဲ

သူဘာကြောင့် သူမကိုခေါ်ဆောင်လာလဲမသိပေမဲ့ သူ့မျက်ဝန်း‌ေတွဟာ သူမအထင်ရိုးသားနေသလားလို့တွေးမိလိုက်တော့ နဲနဲတော့စိတ်အေးသွားမိတယ်

"ရနံ့ !"
"ဟင် "
"ကိုယ့်နာမည်ရော သိရဲ့လား"
"..........."

သူမမျက်နှာကအပြောင်းအလဲတိုင်းကိုသတိထားမိတဲ့သူက သူမသူ့နာမည်ကိုတကယ်မသိဘူးဆိုတာ ရိပ်မိလိုက်တယ်

ဒိထူးဆန်းတဲ့မိန်းကလေးကတော့ သူမနောက်ကိုလိုက်နေတဲ့သူရဲ့နာမည်ကိုတောင်မသိဝာာကလွန်လွန်းတယ်မဟုတ်ဘူးလား

ကောင်းပြီ ချစ်မိတဲ့သူကပဲ အောက်ကျခံပြီးနောက်တခါ‌ထပ်မိတ်ဆက်ရတော့မှာပေါ့

"ကိုယ့်နာမည်က အာကာမိုးထက်မြင့် chemistryမေဂျာက ကိုယ့်အသက်က ဆယ့်ကိုးထဲမှာ  အိမ်နာမည်က တိုင်ရှန်း ကိုယ့်ကို တိုင်ရှန်းလို့ခေါ် မဟုတ်ရင်လဲ ရှောင်စန်းလို့ခေါ်နိုင်တယ် ကိုယ့်မှာ အကိုနှစ်ယောက်ရှိတယ် အာကာမိုးမြင့်လွန်း နဲ့ အာကာဖုန်းမြင့်ထက် ကိုယ်ကမိသားစုမှာအငယ်ဆုံးလေ ကိုယ့်အကြောင်းမမေ့ပစ်ရဘူးနော် ကိုယ်ပြန်မေးလို့မသိရင် တခါမေးတိုင်းတခါနမ်းပစ်မယ်"

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Where stories live. Discover now