Chapter.9.
ဟဲဟိုးလေဆိပ်မှာ သွက်လက်ချက်ချာပုံရတဲ့လူငယ်လေးတစ်ယောက် လွယ်အိတ်ကိုပခုံးပေါ်တစောင်းလွယ်ထားရင်း ခရီးဆောင်အိတ်ကိုလက်တဖက်နဲ့ဆွဲလာတယ်
လူတွေကြားထဲ လည်တဆန့်ဆန့်မျှော်နေတဲ့ပုံရိပ်လေးကိုရှာလိုက်ရင်း လျောက်လာခဲ့တယ်
တွေ့ပါပြီ
သွယ်လျတဲ့ကိုယ်နဲ့ရွေဝါရောင်ဆံပင်ပိုင်ရှင်လေးကို
"ဟေးးးး ယုယ"
ဝမ်းပန်းတသာအော်လိုက်တော့ သူမလေးကလဲပြန်ကြည့်လို့တယ်
သူမအနီး သူအလျှင်အမြန်လျောက်သွားလိုက်ကာ ပခုံးကိုအသာပုတ်လိုက်တယ်
အဲ့ဒီအခါမှ သူအနီးကပ်မြင်လိုက်ရတာ
အနဲငယ်ဝင်းဝါတဲ့အသားအရေနဲ့ ဗာဒံစေ့လိုမျက်ဝန်းအိမ်တွေကလှပလွန်းတယ်
ကုလားမင်းသမီးလေးလို ထူထဲတဲ့မျက်ခုံးကွေးကွေးလေးနဲ့ ရွေဝါရောင်ဆံနွယ်တွေက လိုက်ဖက်လွန်းပြီး အနဲငယ်ထူတဲ့ဟန်တူပြီးပွယောင်းယောင်းဖြစ်နေသးတဲ့ဆံနွယ်တွေကိုဖြန့်ထားတာက ကိုယ်သေးသေးလေးကိုပျောက်သွားစေတယ်
"ဝါးးးး ငါ့ညီမကအရမ်းလှတာပဲ အထူးသဖြင့် ဒီဆံပင်တွေကအရမ်းထူတော့ ကိုယ်လုံးသေးသေးလေးတောင်ပျောက်တော့မယ် ဘာလို့ဖြန့်ချထားတာလဲ "
"အာ ကိုကြီးကလဲ ဒါက စတိုင်လို့ခေါ်တယ် သိလဲမသိပဲနဲ့"
စကားပြောလိုက်တဲ့အချိန် သူမလေးရဲ့မျက်ဝန်းညိုတို့ကလှလှပပတောက်ပသွားတတ်တာကိုသူသတိထားမိလိုက်တယ်
အာ ..... ငါ့ညီမက ငါတွဲခဲ့ဖူးတဲ့မိန်းကလေးတွေထက်ကိုပိုချောပြီးပိုလှတယ်
"လာ အိမ်ကိုသွားကြစို့"
"ဘာသယ်ကူရဦးမလဲ "
"ရပါပြီဗျ"
"ဒါဆိုလဲပြီးရော ဘယ်မှာတည်းမှာလဲ"
"အဘွားအိမ်မှာပဲပေါ့ "
"ပြောထားပြီးပြီလား"

ČTEŠ
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...