chapter.33.zgi

425 8 0
                                    


Chapter.33.

"အချိန်ငါးနှစ် ငါးနှစ်အတွင်း ကိုယ်မဟုတ်တဲ့ တခြားသူကိုမချစ်ရဘူး မထိရဘူး ရင်မခုန်ရဘူး ကိုယ်ငါးနှစ်အတွင်း မင်းဘေးကို ပြန်လာမယ် ကိုယ့်ကိုစောင့်နေပေးပါ "

သူမ သူ့ကိုရင်နာစွာကြည့်လိုက်တယ်

ငါးနှစ်မကလို့ ဆယ်နှစ်ပဲဖြစ်ပါစေဦး သူမနှလုံးသားမှာ သူကအမြဲနံပါတ်တစ်ဖြစ်နေမှာပါ

သူမကိုကစားလိုတဲ့စိတ်နဲ့ဟန်ဆောင်ချစ်‌ခဲ့တာဆိုရင်တောင် သူမဘက်ကပေးခဲ့တာအစစ်အမှန်တွေချည်းမို့ သူ့ရဲ့လှည့်ကွက်တွေကိုတောင်သူမမျက်လုံးမှိတ်ကာမသိယောင်ဆောင်ပေးခဲ့သေးတာပဲ

အဲ့ညက သူရဲ့သူငယ်ချင်းတွေကပြောခဲ့တယ်

သူမကလိုက်ရခက်တယ်
ပိုအရသာရှိနိုင်တယ်တဲ့
အရင်မိန်းကလေးတွေလိုမြည်းစမ်းပြီးတာနဲ့စွန့်ပစ်ထားမှာလားတဲ့

သူဘာမှပြန်မပြောခဲ့ဘူး

သူမနားလည်တယ်
ယောကျာ်းလေးဆိုတာ တခုခုကိုလိုချင်ရင်ရမှ လွယ်လွယ်ကူကူနဲ့ရခဲ့ရင်စွန့်ပစ်ဖို့ဝန်မလေးသလို
ခက်ခက်ခဲခဲရပြီးသွားလို့မြည်းစမ်းပြီးသွားရင်လဲ လွင့်ပစ်လိုက်ဖို့မခက်ဘူး

တကယ်တော့ အဲ့စကားတွေက သူမသူ့ကိုအဖြေပေးခဲ့တဲ့ည အဲ့ညမှာ မတော်တဆသူမကြားခဲ့မိတာ

တစ်လျောက်လုံး သူ့ကိုမယုံကြည်ခဲ့ပေမဲ့ ပေးအပ်လိုက်တဲ့ချစ်ခြင်းတရားကလဲကျွံဝင်ပြီးသွားခဲ့ပြီမို့

သူမဘက်ကပြန်ပြီးယူချင်ရင်တောင် လွယ်လွယ်ကူကူပေးအပ်ထားတာမဟုတ်လို့ သူမဘာမှမတတ်နိုင်ခဲ့ဘူး

အခုလဲ ငါးနှစ်တဲ့သူမကိုစောင့်ခိုင်းပြန်ပြီ

တကယ်လား သူမကိုထပ်ပြီးလှည့်စားချင်နေတာလား

မသဲမကွဲဖြစ်နေပေမဲ့

သူမခေါင်းညိတ်လိုက်မိတယ်

သူမရဲ့မသိစိတ်ထဲက တစုံတခုကတော့ ငြင်းဆန်နေခဲ့တယ်

ထားလိုက်ပါတော့လေ

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Donde viven las historias. Descúbrelo ahora