chapter.27.zgi

376 10 1
                                    


Chapter.27.

"ဖူးးးး ..... ဟမ် !! "

"တကယ်ကြီးလား? "

ယုယရဲ့အပြောကို သူမရောသီရိရော စားလက်စတောင်သီးသွားလောက်အောင်လန့်သွားခဲ့တယ်

မောင်နှမလိုဆက်ဆံရေးရှိတဲ့ပုံစံကနေ ဘယ်လိုလုပ် ဒရာမာချိုးသွားတာလဲမသိ

"အဲ့ဒါနဲ့ ဘာဆက်ဖြစ်သွားလဲ "

သိချင်စိတ်‌တွေနဲ့ သူမတို့နှစ်ယောက်ရဲ့မျက်လုံးတွေကပြူးကျယ်နေလောက်တယ်

"ဘာဖြစ်ရမှာလဲဟာ warningပဲပေးလိုက်တာပေါ့ ဒိလိုမျိုးက လူသိရှင်ကြားဖြစ်လို့ကောင်းတာမှမဟုတ်တာ "

သူမတို့ကန်တင်းထိုင်နေရင်းမှ ယုယရဲ့အခု‌တလောမူမမှန်တဲ့ပုံကိုကြည့်ပြီးအစ်အောက်လိုက်တာက ဒီလိုကြိးကြီးမားမားဖြစ်ရပ်ကြီးပေါ်ထွက်လာမယ်လို့မထင်ခဲ့ကြဘူး

"ဟုတ်ပါတယ် နင်လဲမေ့လိုက်တော့သိလား "

"ဟုတ်တယ်စဉ်းစားမနေနဲ့ "

သူမတို့‌တစ်ယောက်တပေါက်ဝိုင်းပြောနေကြတာကို ယုယငအပြုံးလေးနဲ့ပဲခေါင်းညိတ်တယ်

"ဒါနဲ့ ဇေရတုပိုင်က ချောပြီးပွေမဲ့ပုံပဲ အဲ့ဒါကို ဘယ်လိုဖြစ်ပြီးယုယဘက်လှည့်လာတာလဲမသိဘူး ငါ့ကိုလာကြိုက်ရင်တောင်အဖြေချက်ချင်းပြန်ရဦးမှာကို "

"ရွနေလိုက်သိလား အရူးမ"

သီရိရဲ့အရွှန်းဖောက်သံကြောင့် ဆိုင်ထဲမှာဆဲဆိုသံတွေဆူညံသွားခဲ့တယ်

"အင်း ပြောရင်းဆိုရင်းပန်းစောင့်ဘီလူးကြီးတော့ရောက်လာပါပြီနော် "

ယုယရဲ့အပြောကြောင့် သူမလှမ်းကြည့်လိုက်တော့ ကိုးရီးယားရှပ်လေးကို စတိုင်ပန်နဲ့တွဲဝတ်ထားတဲ့ သူမရဲ့ကဲလွန်းသဲလွန်းတဲ့ကိုယ်တော်လေးကိုတွေ့လိုက်ရတယ်

အရပ်ကမြင့်လွန်းတော့ကလန်ကလားဖြစ်နေပြီး စတိုင်ပန်တောင်ခြေမျက်စိရောက်နေပြီ

"မိုးထိုးနေတဲ့အရပ်ကြီးနဲ့ဟယ်  အကုန်ဝင်တိုက်ကုန်ဦးမယ် ဒါနဲ့ နင့်ဘဲဘဲက သူငယ်ချင်းတွေမရှိဘူးလား အားတာနဲ့နင့်နားပဲအပြေးအလွှားရောက်လာတယ် "

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Nơi câu chuyện tồn tại. Hãy khám phá bây giờ