chapter.39.uni

1.3K 60 3
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတြဲအချစ်

Chapter.39.

"ကိုကို ပြန်လာပြီလား "

ဟွမ်ဟွမ်ရဲ့အမေးကိုခေါင်းညိတ်ပြလိုက်တယ်

ဧည့်ခန်းထဲမှာ လူစုံတက်စုံနဲ့ သူရဲ့တဖက်သတ်အချစ် အဆုံးသတ်သွားပြီလားဆိုတာကိုသိချင်နေကြတယ်

"ဟူးးးးးး "

သူလဲ အပေါ်ထပ်ချွတ်လိုက်ကာ မျှော်လင့်တကြီးနဲ့ဝိုင်းကြည့်နေကြတဲ့အကြည့်တွေကြား သက်ပြင်းချရင်း အကြောင်းစုံပြောပြရတော့တယ်

"အမေ သိသားပဲ သမီးလေးကသားလေးကိုချစ်တယ်ဆိုတာ အဲ့တော့ ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ "

"ဘာလုပ်ရမှာလဲ အမေတို့ချွေးမအိမ်ရောက်လာတော့မယ် ပြင်စရာရှိတာသာပြင်ထားလိုက်တော့"

"တင်တောင်းဖို့ပစ္စည်းတွေ ဝတ်ဖို့အကျင်္ ီနဲ့ လက်ဝတ်လက်စား နေရာ အပြင်အဆင်  ခန်းဝင်ပစ္စည်း လုပ်စရာတွေကအများကြီးပဲ အိုက်ယိုး ငါတော့လုပ်စရာရပြီ အဖေကြီး မနက်ဖြန် အလုပ်သွားဖို့မစဉ်းစားနဲ့ ကျွန်မနဲ့ဈေးဝယ်လိုက်ခဲ့"

သူ့အဖေမျက်နှာကရှုံ့မဲ့သွားသော်လည်း သူနဲ့သူအမေပျော်နေတာကိုကြည့်ပြီး ခေါင်းညိတ်ပြတယ်

"ကိုယ့်သားကို ဆယ်နှစ်ကျော်တောင်ရူးသွပ်အောင်လုပ်နိုင်တဲ့မိန်းကလေးကို အဖေကလဲတွေ့ချင်နေတာကြာပြီ နောက်နေ့ထမင်းစားဖိတ်လာခဲ့ "

"ဟုတ် ပါးပါး"

အပေါ်တက်လာပြီး အိပ်ရာပေါ်လှဲချလိုက်ပေမဲ့ ဘာမှမလုပ်နိုင်သေးဘူး

သူမလေးရဲ့ရုပ်လွှာက သူ့အတွေးထဲစိုးမိုးနေပြီး နှုတ်ခမ်းတစုံက အလိုလိုကော့ညွတ်နေခဲ့တယ်

သူ့ဘဝမှာ ဒီလိုအခိုက်အတန့်လေးကအပျော်ဆုံးပဲ

ကျောက်စိမ်းလိုအဖိုးတန်တဲ့သူမလေးနဲ့ပြန်ဆုံစည်းရတာ သူတကယ်ကိုသဘောကျမိတယ်

အရမ်းလဲကျေနပ်တယ် ဂုဏ်လဲယူတယ်

သူမလေးကိုလဲ မစွန့်လွတ်နိုင်သလို သူမလေးကိုပိုပြီးချစ်လာတယ်ဆိုတာကိုလဲသိလိုက်ရတယ်

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Donde viven las historias. Descúbrelo ahora