Chapter.11
"ပြောကြည့် ဘာလို့ကိုယ့်ကိုတွန်းထုတ်နေရတာလဲ ဟိုတနေ့ကနမ်းတုန်းက မင်းကိုယ့်အပေါ်စိတ်ယိုင်နေတာကို ကိုယ်သိတယ် မလိမ်နဲ့"
သူပြောလိုက်တာနဲ့ ရှက်သွေးဖြန်းသွားပြီး ပါးလေးတွေနီရဲနေတဲ့ပုံလေးက ရှေ့တိုးကာ ပွေ့ဖက်ပစ်လိုက်ချင်တဲ့အထိ လှပလွန်းခဲ့တယ်
သူမရဲ့ဒီလိုအပြုအမူတွေက။လူအများကိုဆွဲဆောင်နိုင်တယ်ဆိုတာ သူမရောသိပါလေစ
ဆွဲဆောင်မူ့အရမ်းရှိနေပေမဲ့ အဲ့ဒါကိုမသိယောင်ဆောင်ထားတဲ့သူမရဲ့ဖြူစင်တဲ့မျက်ဝန်းတွေက တဖက်သားကို မချစ်မိပဲမနေနိုင်အောင်လုပ်နေတယ်
သူမကိုတနေရာမှာဖွက်ထားလို့ရရငါသိပ်ကောင်းမှာပဲ
သူမရဲ့ချစ်စဖွယ်ဟန်ပန်အမူအယာလေးတွေက သူတစ်ယောက်ထဲအတွက်ဖြစ်လာပြီး သူမရဲ့နှလုံးသားထဲမှာလဲ သူသာနံပတ်တစ်ဖြစ်နေရင်သိပ်ကောင်းမယ်
သူမလေးက အမှတ်သညာမရှိဘူး
သတိပြုမိသွားရင်လဲ တသက်လုံးစွဲမြဲသွားတတ်တယ်လူမျိုးပဲ
စိတ်ချရတယ်
ဒါပေမဲ့ ဒီနေ့တော့ သူမလေးအာရုံစိုက်တာခံရတာက သိပ်ကောင်းပုံမပေါ်ဘူး
သူမလေးရဲ့မျက်ဝန်းတွေကိုသူကြည့်မိလိုက်တော့ အံ့ဩခြင်းနဲ့အတူ ထိတ်လန့်ခြင်းတွေပါပါလာခဲ့တယ်
သူမလေးရဲ့အပြတ်ရှင်းတာခံရတော့မလိုခံစားချက်က သူ့ကိုမသက်မသာဖြစ်စေတယ်
အသဲကွဲရတော့မှာပါလားဆိုတဲ့ခံစားချက်က သူ့ကိုနာကျင်စေတယ်
"ဟုတ်ပြီ ငါတို့ဆွေးနွေးရအောင် "
"အမ်း"
သူမလေးရဲ့စကားတွေကပြတ်သားတယ် တွန့်ဆုတ်ခြင်းအလျင်းမရှိဘူး
ရှေ့ကလျှောက်သွားတဲ့သူမလေးရဲ့ကျောပြင်ကဆံနွယ်လေးတွေကိုတောင် သူမြတ်နိုးလွန်းမက မြတ်နိုးပြီး အရမ်းတန်ဖိုးထားတာသူမသိပါ့မလား
ESTÁS LEYENDO
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasíaown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
