chapter.34.uni

1.1K 60 7
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.34

ရွက်ဟောင်းတို့ကြွေကာ ရွက်သစ်တို့ဝေနေပါသည့်တိုင် အချိန်ယန္တရားကားပုံမှန်လည်ပတ်လျက်သာ

ငယ်ရွယ်နုပျိုမူ့တို့ပျောက်ဆုံးသွားပြီး တည်ငြိမ်မူ့တို့အား အစားထိုးလာသည့်တိုင် အရင်လိုလွမ်းဆွတ်ဆဲ

ပထမသုံးနှစ်တွင် မယုံကြည်သည့်တိုင် သူ့အားစောင့်မျှော်ကာ  ဆက်လက်စောင့်မျှော်နိုင်ခဲ့တယ်

ဒုတိယသုံးနှစ် ယုံကြည်ခြင်း မယုံကြည်ခြင်းတို့က အရေးမပါတော့

မျှော်လင့်ချက်များပျက်သုန်းသွားခဲ့ပြီး သူမကိုကစားခဲ့သည်သာ သတ်မှတ်လိုက်တော့တယ်

သို့တိုင် သူမဆီရောက်လာနိုး စောင့်မျှော်ဆဲသာ

ရှစ်နှစ်မြောက် ....

ရှစ်နှစ်ဟူသောအချိန်ကာလတခုအား သူမကျော်ဖြတ်အပြီးတွင်တော့ သူ့အားလုံးလုံးမေ့ပစ်နိုင်လိုက်ပြီးနောက် သူမရဲ့ဘဝဟာ ပိုလို့အေးချမ်းလာခဲ့တော့တယ်

မေ့ပစ်လိုက်ပါပြီ

သူမဘဝလဲ အေးချမ်းသွားခဲ့ပြီ

သူမ ဆေးရုံတခါရောက်ပြီးနောက် သူမရဲ့အမေလဲ လက်လျှော့လိုက်ဟန်တူတယ်

သူမအလုပ်ဝင်ပြီး အတည်တကျဖြစ်သွားတာနဲ့ ချစ်သူရရင်ပြောဖို့ အိမ်ခေါ်လာဖို့အပြင် ဘာကိုမှထိန်းချုပ်မထားတော့ဘူး

ဒါပေမဲ့ သူမ လှောင်အိမ်ကလွတ်လာတဲ့ငှက်‌ကလေးလိုမခံစားရပဲ

နောက်ဆုံးသူမသိလိုက်ရတာက သူမကိုယ်တိုင်ကသာ သူမကိုချုပ်နှောင်ထားတဲ့ အမာဆုံးကြိုးဖြစ်ခဲ့တယ်ဆိုတာကိုပေါ့

အခုတော့ သူမအရာအားလုံးကိုလက်လွတ်ထားလိုက်ပြီး သူမဝါသနာပါတဲ့အလုပ်တွေကိုလုပ်ရင်း သူမဘဝကိုမြုတ်နှံ့ထားလိုက်တော့တယ်

သူမတို့လမ်းခွဲတဲ့ထိုနေ့ကစ သူ့ရဲ့အရိပ်လေးတောင် သူမ မမြင်ရတော့ပေ

ဘာသတင်းမှလဲမကြားသလို ဘာဆိုဘာမှ သူမ မသိတော့ဘူး

တစ်ယောက်မှပေါ်မလာသလို တစ်ယောက်မှလဲ သူ့အကြောင်းလာမပြောတော့ပေ

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Donde viven las historias. Descúbrelo ahora