ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံတဲ့အချစ်
Chapter.45.
သူမခေါင်းငြိတ်လိုက်ပြီး တလအကြာမှာ မင်္ဂလာပွဲက ပြီးပြည့်စုံစွာပုံပေါ်လာခဲ့တယ်
သူမနဲ့သူနဲ့လဲ တရုတ်ရိုးရာအယူအဆအရ မင်္ဂလာပွဲမတိုင်မီ တပတ်မတွေ့ရတဲ့စည်းကမ်းအတိုင်း မဆုံကြပေမဲ့ သူက ညတိုင်းဖုန်းခေါ်ပြီး သူမကိုအားပေးစကားပြောကာ နှစ်သိမ့်လေ့ရှိတယ်
သူမလဲ အခုရက်ပိုင်း အလုပ်များနေလို့လား ပင်ပန်းနေလို့လားသိပ်မသဲကွဲပေမဲ့
သူမရောဂါအကြောင်းကိုအတတ်နိုင်ဆုံးမေ့ထားလိုက်တယ်
ဒီလိုနဲ့ အပန်းရောင်နဲ့ရွှေရောင် ထိုင်မသိမ်းလေးကို ပုလဲတွေကျောက်တွေနဲ့ပြုလုပ်ထားတဲ့ခြုံလွှာလေးခြုံထားတဲ့သူမနဲ့ အဖြူရောင်တိုက်ပုံလေးနဲ့ချောမောခန့်ညားနေတဲ့သူရဲ့ မင်္ဂလာပွဲဟာ ကြီးကျယ်စွာကျင်းပခဲ့တော့တယ်
ဧည့်သည်တွေကိုနှစ်ဖက်မိဘတွေက လိုက်နှုတ်ဆက်နေတဲ့အချိန် သူမနဲ့သူက စင်မြင့်မှာ အနားယူနေကြတယ်
သူမ သူငယ်ချင်းနှစ်ယောက်လဲ သူမကိုလက်ဖွဲ့ပေး ဂုဏ်ပြုပြီး ဧည့်ခံကူပေးနေကြတယ်
အရာအားလုံးကချောမွေ့လွန်းလို့ အိမ်မက်တခုဖြစ်နေမှာကို သူမစိုးမိတယ်
သူ့မိဘတွေကလဲ သူမကိုကြီးမားစွာတင်တောင်းခဲ့တယ်
ငွေသား သိန်းသုံးထောင် ရွှေငါးဆယ်ကျပ်သား စိန်တဆင်စာ အိမ်တအိမ် ကားတစ်စီး နဲ့ ခန်းဝင်ပစ္စည်းကအစ နောက်ဆုံး အိမ်အသစ်မှာနေဖို့ ပရိဘောကတွေကိုပါ အကုန်တင်တောင်းတဲ့ပစ္စည်းတွေထဲမှာပါခဲ့တယ်
ပြောရမယ်ဆိုရင်တော့ အားလုံးသဘောကျလောက်တဲ့လက်ထပ်ပွဲကြီးဖြစ်ခဲ့တာပေါ့
ဒါပေမဲ့လဲ ဘယ်သူမှမသိခဲ့တာက ဒီလက်ထပ်ပွဲနောက်ကွယ်မှာ လူမသိသေးတဲ့အကြောင်းအရင်းက သက်သက်ရှိနေတယ်ဆိုတာကိုပေါ့
သူကတော့ ပြုံးဖြီးနေပြီး သူမလက်ကိုလဲမလွှတ်တမ်းဆွဲကိုင်ထားခဲ့တယ်

KAMU SEDANG MEMBACA
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasiown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...