Chapter.28.
အမျိုးသားတစ်ယောက်က ပါတီပွဲမှာ ပန်းချီဆရာတစ်ယောက်နဲ့စကားပြောနေပြီး သူ့ရဲ့ပုံတူဆွဲပေးဖို့စည်းရုံးနေတယ်
ဒီအမျိုးသားက အရမ်းချောပြီး အဆင့်အတန်းမြင့်ပေမဲ့ မြို့မှာရှိတဲ့မိန်းမငယ်လေးတွေကိုဖျက်ဆီးတတ်လို့မုန်းတီးတဲ့သူများတယ်
ဒီလိုနဲ့ သူ့ရဲ့ပုံတူပန်းချီကိုရပြီးတဲ့နောက်မှာ သူ့ရဲ့ဒုစရိုက်စိတ်ကလဲရဲတင်းလာပြီး ပန်းချီမှာရောင်ပြန်ဟပ်လာခဲ့တယ်
တနေ့ ထပ်ခိုးပေါ်မှာရှိတဲ့သူ့ရဲ့ပုံတူပန်းချီကိုလှန်ကြည့်လိုက်တယ်
သူဘယ်လောက်ဒဏ်ရာရရ မိနစ်ပိုင်းအတွင်းပျောက်သွားတာချည်းပဲ
ဒါပေမဲ့ ဘယ်သူထင်မှာလဲ သူလုပ်သမျှ သူရသမျှဒဏ်ရာတွေအကုန်လုံးဟာ သူ့ရဲ့ပုံတူပန်းချီမှာပေါ်နေခဲ့တယ်
ကြည့်ရဆိုးလွန်းလို့သူတောင်မကြည့်ရဲတဲ့အထိပဲ
ပုံတူပန်းချီပေါ်လွှမ်းထားတဲ့ပိတ်စကိုသူလှန်ကြည့်လိုက်တယ်
"အားးးးး "
မိန်းကလေးအချို့ရဲ့အော်သံဟာ ရုပ်ရှင်ရုံမှာပျံ့လွင့်နေလာတယ်
သူမလဲ လက်ဆယ်ချောင်းကြားထဲမှ ချောင်းကြည့်လို့နေတယ်
အဲ့အမျိုးသားက သူ့ရဲ့ပုံတူပန်းချီကိုဖွင့်လိုက်ပေမဲ့ သူမမျက်စိအမြန်မှိတ်လိုက်တာကြောင့် သူမဘေးကသူက တခွီးခ်ီ်ွးရယ်သံတောင်ထွက်လာခဲ့တယ်
"ကြောက်ရင်လဲ ဘာလို့ကြည့်နေလဲ လာကိုယ့်ရင်ခွင်ထဲလာခဲ့"
"မလာပါဘူး ဇတ်ကားကကောင်းနေပြီ "
သူ့လှည့်ကွက်ထဲကျသွားရအောင် သူမကအရူးလား
ကြောက်တော့ကြောက်တယ် ဒါပေမဲ့ ကြောက်ရတဲ့ဖီလင်ကလဲမိုက်တာမို့
သူမအဖို့ကတော့ သရဲကားကိုကြည့်လဲကြည့်တယ်ကြောက်တယ်ဆိုတဲ့အမျိုးအစားထဲကပါတယ်
သူမဇတ်ကားထဲအာရုံပြန်ရောက်သွားတုန်း သန်မာတဲ့လက်တဖက်က သူမခါးကိုဖက်လာကာ ပခုံးတဖက်ကလဲလေးလံသွားခဲ့တယ်

YOU ARE READING
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...