ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.20.
သူမတို့ မိန်းမရဲတောင်ပေါ်တက်တဲ့အခါ နေထွက်လာဖို့အနဲငယ်ဝေးကွာနေသေးပြီး အားလုံးကတော့ မိန်းမရဲတောင်ပေါ်မှ နေထွက်လာတဲ့အလှကိုကြည့်ဖို့အားကြိုးမာန်တက်နဲ့ လှေကားထစ်ပေါင်းများစွာကိုတက်နေကြတယ်
လူငယ်တွေရဲ့တက်ကြွမူ့ဟာ အရမ်းလှပတဲ့မနက်ခင်းလေးမှာ ပန်းချီကားတချပ်လိုပင်
အားမာန်အပြည့်ကျုံးဝါးပြီးတက်နေကြကာ တစ်ယောက်ကဟာသပြောလိုက်ရင်မောရတဲ့ကြားထဲကအော်ရယ်မိကြသေးတယ်
အရောင်စုံဝတ်ထားတဲ့လူငယ်တွေဟာ ပန်းခင်းကြီးထဲပန်းရောင်စုံလေးတွေလို လှုပ်ရှားသက်ဝင်နေခဲ့တယ်
"အားလုံးသတိထားကြပါ လှေကားတွေက ကျဉ်းပြီးမတ်လာပြီ "
ဌာနဆိုင်ရာကျောင်းသားခေါင်းဆောင်တွေက အော်ဟစ်သတိပေးလိုက်တဲ့အချိန်မှာ လူငယ်အဖွဲ့ကလဲ သိရှိကြောင်းပြန်ပြောလိုက်ကြပြီး တချို့ဆိုလျှင် အနောက်ကလူငယ်များကြားစေရန်လက်ဆင့်ကမ်းပင်အော်ပေးခဲ့ကြသေးတယ်
သူမတို့ကတော့ နောက်လဲမကျ စောလဲမစောတဲ့ အလယ်ပိုင်းလောက်မှာရောက်နေပြီး ချွေးအပြည့်နဲ့မောပန်းနေကြကာ ရေတဘူးကိုလုသောက်နေချိန်လဲဖြစ်တယ်
သူကတော့ သူမလက်ထဲကရေဘူးကိုမျက်မှောင်ကြုတ်ကာကြည့်နေပြီး သောက်ချင်ပေမဲ့ ယုယတို့ကြောင့် အလိုမကျပုံလဲပေါ်နေလေတယ်
သူမနဲ့ရေတဘူးထဲသောက်ချင်လို့ ဉာဏ်နီဉာဏ်နက်ထုတ်ကာသူမကိုပေးလိုက်ပေမဲ့ ဒီလိုဖြစ်ပေါ်လာတဲ့အခြေအနေကြောင့် ငိုရမလိုရယ်ရမလိုဖြစ်သွားခဲ့တယ်
ဒီညီအမသုံးယောက်ထဲက သူမလေးကိုခွဲထုတ်လို့ရပ့ါမလားလို့သူသံသယဝင်နေပြီ
နောက်ပိုင်းသူတို့ချိန်းတွေ့ရင်ရော အဲ့နှစ်ယောက်က တန်းလန်း တန်းလန်းနဲ့ပါလာဦးမှာလား
သူလဲမပြောတတ်ပေ
အခုတော့ ကုန်သွားတဲ့ရေဘူကို အိတ်ထဲပြန်ထိုးထည့်လိုက်ရင်း အသစ်တဘူးကိုထုတ်သောက်လိုက်ရတော့တယ်

DU LIEST GERADE
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...