Chapter.46.
ရုတ်တရက် သူမကိုယ်လေးအပေါ်မြှောက်သွားခဲ့တယ်
ပြီးတာနဲ့ သိပ်မကြာခင်မှာ အိပ်ရာပေါ်ကိုကျောထိလိုက်တာကိုလဲ သိလိုက်ရပါရော
သူမရှက်လွန်းလို့ သူ့ကိုမကြည့်ရဲဘူး
မျက်နှာကိုဘေးစောင်းထားပြီး သူ့ရင်ခွင်ထဲမှာပုန်းနေမိတယ်
" အစကတော့ ကိုယ်က မိုးနဲ့ ဝိုင်တွေဘာတွေသောက်ပြီး ပန်းတွေနဲ့ ရိုမန်တစ်ဆန်တဲ့မင်္ဂလာဦးညလေးကိုဖန်ဆင်းပေးမလို့ဒါပေမဲ့ မိုးရှက်နေတာကိုကြည့်ရတာ အခုမှမဟုတ်ရင် ထွက်ပြေးသွားတော့မယ်လို့ကိုယ်ထင်နေမိပြီ ဒါကြောင့် အဲ့ဒါတွေကိုကျော်ပြီးလိုရင်းပဲသွားလိုက်ကြရင်မကောင်းဘူးလား ဟင်? "
သူမ ဘာပြန်ပြောရမှာလဲ
သူမကိုဘာပြောစေချင်နေတာလဲ
"ငါ....ငါ မသိဘူး နင့်၊....နင့်သဘောပဲ"
"ယောကျာ်းလို့ခေါ် "
"ဟမ် ?"
"ကိုယ့်ကို ယောကျာ်းလို့ခေါ် "
သူမကိုအုပ်မိုးထားပြီး ခါးဖက်ထားတဲ့သူရဲ့အသံက ဩရှရှလေးနဲ့ ခပ်တိုးတိုးလေး သူမနားထဲစီးဝင်လာခဲ့တယ်
တကိုယ်လုံးကလဲ ပူသထက်ပူလာပြီး စိတ်လှုပ်ရှားရင်ခုန်ရလွန်းလို့ နှလုံးသားကအသံကို ဦးနှောက်ကအသိပေးနေပြီ
ဒါကိုမလုံလောက်သေးလို့ သူမကိုဒိလိုနှိပ်စက်နေတာလား
ယောကျာ်း.....
သူမစိတ်ထဲကခေါ်လိုက်ပေမဲ့ လက်တွေ့ကမရဲသေးဘူး
အရမ်းလွယ်တဲ့စကားလုံးက သူမနှုတ်ဖျားကထွက်လာဖို့အရမ်းခက်နေတယ်
"ကိုယ့်မိန်းမလေး ကိုယ့်ကိုယောကျာ်းလို့ခေါ်"
သူ့ရဲ့အသံက သံလိုက်လိုပဲ သူမရဲ့ခံနိုင်ရည်အားတွေကိုစုပ်ယူလိုက်သလိုခံစားလာရတယ်
သူမအပေါ်ပိနေတဲ့သူ့ရဲ့ကိုယ်ကလဲ ပိုပိုပြီးပူနွေးလာနေတယ်
ESTÁS LEYENDO
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasíaown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
