ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.16
အဲ့ဒီနောက်တော့ သူမရဲ့နေ့ရက်တွေက အရင်အတုန်းပြန်လည်ပတ်နေခဲ့ပြီး သူမလဲ အလုပ်ရှုပ်နေရင်းအားလုံးကိုမေ့သွားပြန်တယ်
သူမသတိမရတဲ့အထဲမှာ ကိစ္စတခုလဲရှိတယ်
သူမကျောင်းလာချိန်တိုင်း ကျောင်းဂိတ်ဝမှာလူတစ်ယောက်က သူမကိုအမြဲနှုတ်ဆက်လေ့ရှိတယ်
သူမကလဲ ဘာကိုမှအမှတ်မထားတတ်တဲ့လူဆိုတော့ ကျောင်းဖွင့်တဲ့ ပထမသုံးရက်လောက်မှာ အဲ့လူရဲ့ပုံပန်းကိုရင်းနှီးလာပြီး နောက်နှစ်ရက်မှာ သူမသတိထားမိလာတယ်
ကျောင်းနှစ်ရက်ပိတ်ပြီးပြန်ဖွင့်လိုက်တာနဲ့ အဲ့လူကိုသူမဦးနှောက်ကအလိုအလျောက်ဖယ်ရှားလိုက်ပြီး မေ့သွားခဲ့ပြန်တယ်
တကယ်တော့ သူမက ဉာဏ်ကောင်းတဲ့အထဲမှာပါတယ်
ငယ်ငယ်က ကျောင်းစာတွေအားလုံးမှာ ၉၀ကျော်ရခဲ့တာချည်းပဲ
ပုံဆွဲတာလဲတော်ပြီးမြန်တယ်
ခက်ခဲတဲ့သိပ္ပံဆိုင်ရာနာမည်အရှည်ကြီးတွေတောင် သူမ မှတ်နိုင်ကျက်နိုင်ခဲ့တာ
ဒါပေမဲ့ EQနဲ့ပတ်သတ်တဲ့မှဏ်ဉာဏ်ကတော့ အရမ်းနိမ့်လွန်းတယ်
အဲ့လိုဖြစ်တာလဲ သူမအပြစ်တော့မဟုတ်ဘူး
ကျောင်းပိတ်တဲ့နေ့တွေဆိုရင် သူမလုပ်ရတဲ့အိမ်အလုပ်တွေက သူမအသက်ထက်တောင်များနေသေးတယ်
မိုးမလင်းသေးဘူး ထပြီးထမင်းချက် ဟင်းချက် ပြီးရင် အိမ်တွင်းမူ့လုပ်ငန်းအတွက်ကြိုပြီးပြင်ဆင်ရတော့တယ်
ကိုးနာရီမှာထမင်းစားပြီးအိမ်အလုပ်ထဲတခါပြန်နစ်သွားပြန်ရော ဆယ့်တစ်နာရီလောက်ဆို တပတ်လုံးစုထားတဲ့ မိသားစုငါးယောက်ရဲ့အဝတ်တွေိကို ရွက် နေ့လည်စာထမင်းထုတ်ပြီး သူမတို့အိမ်နဲ့တမိုင်လောက်ဝေးတဲ့ရေထွက်မှာ သွားလျှော်ဖွပ်ရတယ်
အဝတ်လျှော်ဖွပ်ပြီးလို့ရေမိုးချိုးပြီးရင် ထမင်းလေးဖွင့်စား စာကြည့်ရင်းအဝတ်တွေခြောက်တာကိုစောင့်ရတယ်
ESTÁS LEYENDO
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasíaown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
