chapter.31.uni

805 59 3
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.31.

ဘယ်မိဘဆီမှာပဲမွေးဖွားချင်ပါတယ်လို့ ဘယ်ကလေးမှဆုမတောင်းခဲ့ပါဘူး

ဒါကြောင့် မိဘရဲ့ဆိုးမွေကောင်းမွေကို သားသမီးတွေခံစားရပြီး သားသမီးတွေရဲ့ကောင်းမွေဆိုးမွေကိုလဲ မိဘများက ခါးစည်းခံကြရတယ်

ဒါက ညီမျှခြင်းပါပဲ

လူတိုင်းသိကြတဲ့လောကကြီးရဲ့သဘောတရားတခုလဲဖြစ်ပါတယ်

ဒါဆိုရင် သူမက မေးခွန်းတခုလောက်တော့ဖြင့် မေးချင်မိပါတယ်

အဲ့ဒါကတကယ်ပဲတရားရဲ့လားဆိုတာကိုပေါ့

သူမအမေရဲ့ငိုကြွေးသံက သူမကိုလောကထဲပြန်လည်ခေါ်ဆောင်ပေးတဲ့သောက်ရှူးကြယ်တလုံးဖြစ်ခဲ့တယ်

ဘယ်လိုပဲဖြစ်ဖြစ် သူမက အမေ့ရဲ့သမီးပါပဲ

ပုန်းကွယ်ထားတဲ့စိတ်ဓာတ်ကျခြင်းဟာ အလိုလိုထွက်ပေါ်နေပြီး သူမဘာကိုမှ အလေးမထားချင်တော့ဘူး

ဆေးသောက်တာများလို့များ သူမကိုဆိုးကျိုးသက်ရောက်သွားတာလားမသိ

တကယ်တော့ နောက်ဘဝကိုကူးမသွားပဲ ဒီနေ့လိုပြန်နိုးထလာမှာကိုသူမအကြောက်ဆုံးပါပဲ

သူမအသိပြန်ဝင်လာတော့ ဆေးရုံရောက်နေတာဖြစ်ပြီး ဘေးမှာစကားဝိုင်းပြောနေကြလို့ဆူညံနေကြတယ်

"ဒီကလေးရဲ့ဗိုက်ထဲမှာဆေးတွေအများကြီးပဲ အစာအိမ်ကိုဆေးလိုက်ရတယ် ဆရာဝန်ကပြောတယ် ကံကောင်းတယ်တဲ့ ဒီကလေးဘာတွေတွေးနေမှန်းကိုမသိဘူး မိဘကအဲ့လောက်လုပ်ပါ့မလား "

ပြောလိုက်ငိုလိုက်နဲ့သူမအမေကိုကြည့်ရင်း သူမလဲအလိုလိုဝမ်းနည်းလာခဲ့တယ်

သူမခေါင်းထဲသိပ်မရှင်းလင်းသေးတဲ့အပြင် သူမရဲ့ကိုယ်ကလဲလေးလံလို့နေ‌ေသးတယ်

အခုတော့ဘာဆက်ဖြစ်မှာလဲ

သူမလဲမသိတော့ဘူး....

.......

"ဘာ.........."

သူမသတင်းကိုကြားတော့ သူထမင်းစားနေဆဲပင်

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Opowieści tętniące życiem. Odkryj je teraz