ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.42.
"အန်တီ မဂင်္လာပါရှင့်"
"သမီးလေး... လာလာ ... သမီးျလးကိုခေါ်ခဲ့လို့ပြောနေတာကြာပြီ အိမ်ကသားကကပ်စီးနဲနေလို့သမီးရေ "
ဒီအိမ်ကိုရောက်တာသုံးကြိမ်မြောက်ဆိုပေမဲ့ မစိမ်းပဲနွေးထွေးနေသလိုခံစားရတယ်
ခုရက်ပိုင်းသူမပဲစိတ်ကြည်နေလို့လားတော့မသိ
သူမကိုခေါင်းကိုက်စေတဲ့ ဖုန်းစုတ်ကြီးကို မတွေ့ရတာကြာပြီမို့လားမသိ
သူမစိတ်ပျော်လို့နေတယ်
"အဖေ ဒီမှာ သင်းရနံ့မိုးတဲ့ နာမည်လေးကလဲလှ လူလေးကလဲလှ စိတ်ထားလေးကလဲအရမ်းလှတာ ကျွန်မတို့သားနဲ့တောင်မတန်ဘူး ဟိုကောင်ကလူဆိုး ဟွန်း ဒီသမီးလေးကိုရဖို့ အရင်ဘဝကတိုင်းပြည်ဘယ်လောက်များများကိုကယ်တင်ခဲ့လဲဆိုတာဘုရားပဲသိလိမ့်မယ်"
"အမေကလဲဗျာ "
"ဘာအမေကလဲ လဲ ကျေနပ်နေတဲ့ရုပ်ကြီးကိုနဲနဲလျှော့ဦး ပုရွက်ဆိတ်တက်တော့မယ် "
သူမကတော့ ပြုံးရုံလေးပြုံးပြီး ဒီမနိုင်စိန်မိသားစုကိုသာကြည့်နေလိုက်တော့တယ်
သူကတော့ သူမဘေးနားလာထိုင်ပြီး ဆိုဖာပေါ်ကျနေတဲ့သူမဆံနွယ်တွေကို သူ့ပေါင်ပေါ်တင်ထားကာ ရွရွလေးကိုင်တွယ်နေရင်းက တခါတရံမွှေးကြည့်လိုက်သေးတယ်
အစကတော့ သူမလဲ သူ့ရဲ့အပြုအမူတွေကို နေရခက်တယ်
ဒါပေမဲ့ ခနခနဆိုတော့လဲ မတတ်နိုင်ပဲလွတ်ထားပေးရတာ အခုတော့ အကျင့်တောင်ပါနေပြီ
အဲ့တော့ အားလုံးကထူးဆန်းသလိုဝိုင်းကြည့်နေကြတာကိုလဲသတိမထားမိတော့ဘူးပေါ့
အားလုံးက တကယ်ပဲကြည့်နေကြတာပါ
သူမကိုတော့မဟုတ်ဘူး
သူမရဲ့ဆံနွယ်တွေနဲ့အလုပ်ရှုပ်နေတဲ့တစ်ယောက်သောသူဆီကိုသာဖြစ်တယ်
"အဟမ်း အဟမ်း "
သူမနဲ့အန်တီစကားပြောနေရင်း အကိုအကြီးကလှမ်းဟန့်တယ်
BẠN ĐANG ĐỌC
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Viễn tưởngown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...