chapter.17.zgi

474 12 0
                                        


Chapter.17.

သူမဘက်က သူ့အချစ်ကိုလက်ခံဖို့ဘယ်လောက်ခက်ခဲလဲဆိုတာသူမြင်နေရတယ်

သူမက သူမကိုယ်ကိုသော့ခတ်ထားပြီး ဘယ်သူ့ကိုမှပေးမဝင်တော့တာ

အချစ်ကိုမမြည်းစမ်းဖူးလို့မဟုတ်ပဲ ဒီအတိုင်း လက်မခံရဲတာပဲဖြစ်တယ်

"မိန်းမကောင်းလေးပဲ ရတနာလေးလိုပဲရှားပါးတယ် အခုခေတ်က ရုပ်ကလေးဗန်းပြပြီး ချူစားနေကြတာသားရဲ့ အခုလိုစိတ်ဓာတ်မျိုးနဲ့မိန်းကလေးတစ်ယောက်ကိုတွေ့ရဖို့ဆိုတာမလွယ်ဘူး အင်း သနားစရာပဲကွယ် အဲ့မိန်းကလေးကိုချစ်နေတာက သားအတွက်တော့တကယ်ခက်ခဲမှာပဲ "

"ဒါပေမဲ့လဲ သားသူ့ကိုတရက်မတွေ့လိုက်ရရင်တောင် သားရဲ့ဒီနားကနာတယ်"

တိုင်ရှန်း သူ့ရဲ့ရင်ဘတ်ကိုလက်သီးစုပ်နဲ့အသာထုရင်းနာကျင်စွာပြောလိုက်တယ်

သူမက သူ့အတွက်တော့အဆိပ်တခွက်ပဲ

ချိုမြိန်တဲ့အဆိပ်...

မသောက်ပဲလဲမနေနိုင် သောက်ပြီးရင်လဲ နာကျင်မှာကိုကြိုသိနေသလိုမျိုး

"ဒါပေမဲ့သားရယ် အချိန်ကြာလာရင်မေ့သွားမှာပါ "

"သားတော့မထင်ဘူး အဲ့လိုသာဖြစ်ရင် အစထဲက မိုးကိုသားမေ့လို့ရနေလောက်ပြီပေါ့"

သူ့အမေက သူ့ကိုပခုံးပုတ်ပေးလာတယ်

သူတို့မိသားစုက ဗမာမိသားစုတွေနဲ့တော့ နဲနဲကွာခြားတယ်

သူ့အမေကို အမတစ်ယောက်လိုရင်ဖွင့်လို့ရသလို သူငယ်ချင်းတစ်ယောက်လိုမျိုးလဲတိုင်ပင်နိုင်တယ်

သူ့အကိုတွေလဲအဲ့အတိုင်းပဲ

သူကုတင်ပေါ်မှာ ဒူးထောင်ထားပြီး လက်နှစ်ဖက်ကိုထပ်ထားကာ အဲ့လက်ပေါ်မှာပဲမေးပြန်တင်ထားတယ်

သူ့အမေကတော့ ဘေးမှာ

သူ့အကိုတွေက စာကြည့်စားပွဲနားက ထိုင်ခုံပေါ်မှာကိုယ်စီထိုင်နေကြတယ်

တလနီးပါး သူအသဲကွဲနေခဲ့တာ

ထမင်းလဲထမစား ဘယ်မှလဲမသွား

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Where stories live. Discover now