chapter.46.uni

1.7K 55 4
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.46.

ရုတ်တရက် သူမကိုယ‌်လေးအပေါ်မြှောက်သွားခဲ့တယ်

ပြီးတာနဲ့ သိပ်မကြာခင်မှာ အိပ်ရာပေါ်ကိုကျောထိလိုက်တာကိုလဲ သိလိုက်ရပါရော

သူမရှက်လွန်းလို့ သူ့ကိုမကြည့်ရဲဘူး

‌မျက်နှာကိုဘေးစောင်းထားပြီး သူ့ရင်ခွင်ထဲမှာပုန်းနေမိတယ်

" အစကတော့ ကိုယ်က မိုးနဲ့ ဝိုင်တွေဘာတွေသောက်ပြီး ပန်းတွေနဲ့ ရိုမန်တစ်ဆန်တဲ့မင်္ဂလာဦးညလေးကိုဖန်ဆင်းပေးမလို့ဒါပေမဲ့ မိုးရှက်နေတာကိုကြည့်ရတာ အခုမှမဟုတ်ရင် ထွက်ပြေးသွားတော့မယ်လို့ကိုယ်ထင်နေမိပြီ ဒါကြောင့် အဲ့ဒါတွေကိုကျော်ပြီးလိုရင်းပဲသွားလိုက်ကြရင်မကောင်းဘူးလား ဟင်? "

သူမ ဘာပြန်ပြောရမှာလဲ

သူမကိုဘာပြောစေချင်နေတာလဲ

"ငါ....ငါ မသိဘူး နင့်၊....နင့်သဘောပဲ"

"ယောကျာ်းလို့ခေါ် "

"ဟမ် ?"

"ကိုယ့်ကို ယောကျာ်းလို့ခေါ် "

သူမကိုအုပ်မိုးထားပြီး ခါးဖက်ထားတဲ့သူရဲ့အသံက ဩရှရှလေးနဲ့ ခပ်တိုးတိုးလေး သူမနားထဲစီးဝင်လာခဲ့တယ်

တကိုယ်လုံးကလဲ ပူသထက်ပူလာပြီး စိတ်လှုပ်ရှားရင်ခုန်ရလွန်းလို့ နှလုံးသားကအသံကို ဦးနှောက်ကအသိပေးနေပြီ

ဒါ‌ကိုမလုံလောက်သေးလို့ သူမကိုဒိလိုနှိပ်စက်နေတာလား

ယောကျာ်း.....

သူမစိတ်ထဲကခေါ်လိုက်ပေမဲ့ လက်တွေ့ကမရဲသေးဘူး

အရမ်းလွယ်တဲ့စကားလုံးက သူမနှုတ်ဖျားကထွက်လာဖို့အရမ်းခက်နေတယ်

"ကိုယ့်မိန်းမလေး ကိုယ့်ကိုယောကျာ်း‌လို့ခေါ်"

သူ့ရဲ့အသံက သံလိုက်လိုပဲ သူမရဲ့ခံနိုင်ရည်အားတွေကိုစုပ်ယူလိုက်သလိုခံစားလာရတယ်

သူမအပေါ်ပိနေတဲ့သူ့ရဲ့ကိုယ်ကလဲ ပိုပိုပြီးပူနွေးလာနေတယ်

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Donde viven las historias. Descúbrelo ahora