chapter.25.uni

1.2K 61 1
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.25.

"မိုး ဒီနေ့တနေရာလိုက်ခဲ့ "

"ဘာနေရာမို့လို့ နေ့တိုင်းပြောနေရတာတုန်း အရင်တခါ သူများကိုပြန်ပေးဆွဲသွားတုန်းကတော့ ဘာခွင့်မှမတောင်းခဲ့ပဲနဲ့"

"အာ အဲ့တုန်းက မိုးကိုစပြီးလိုက်စမို့လေ "

တော်သေးတာက သူမရဲ့ဘဝထဲစဝင်လာထဲက လေပြင်းမုန်တိုင်းလိုပဲမို့ ကံအားလျှော်စွာသူ့ကိုမမေ့ခဲ့ပေ

"ထားပါတော့ တနာရီလောက်ပဲအချိန်ရတယ် ပြီးရင်အိမ်ပြန်ရမှာ "

"ဈေးဝင်ဦးမှာလား "

"အင်း "

"ဟာကွာ ကိုယ့်ချစ်သူကအရမ်းချောတာကို ဈေးထဲမှာကအရမ်းလူများတယ် စိတ်မချပါဘူး "

"စိတ်ချထားလိုက် အဲ့စက်ချုပ်ဆိုင်ကအမက ငါ့ဦးလေးနဲ့ကြိုက်နေတာ ပြောရမယ်ဆို ငါ့ရဲ့ဒေါ်လေးလောင်းလေ အိမ်ကလဲသဘောတူထားပြီးသား "

"တော်သေးတာပေါ့ "

"ကဲသွား အတန်းသွားတက်တော့"

သူမနားမှာတောက်တဲ့လိုကပ်နေတဲ့သူ့ကိုမောင်းထုတ်လိုက်ပြီး သူမတို့လဲ lab ထဲဝင်ရတယ်

သူမတို့မေဂျာမတူကြပေမဲ့ အဆောင်တွေကနီးလို့တော်သေးတယ်ပြောရမယ်

မဟုတ်ရင် လမ်းလျှောက်နေတာနဲ့တင် နာရီဝက်လောက်ကကုန်မှာ

Lab ခန်းကထွက်လာတော့ အစောကြီး ဆယ့်တစ်ပဲရှိသေးတယ်

Labက ဆယ့်နှစ်မှပြီးတာဆိုပေမဲ့ ပုံဆွဲတာမြန်တဲ့သူတွေကတော့ပြီးတာနဲ့ထွက်လို့ရတယ်လေ

ထမင်းစားချိန်နဲ့ အတန်းက တစ်နာရီခွဲမှပြန်စမှာဆိုရင် အချိန်နှစ်နာရီခွဲလောက်ပိုသေးတယ်

သူမလဲ ‌ကျောင်းပန်းခြံထဲကြောင်တောင်တောင်လေးထိုက်နေတုနး် ဟွန်းတီးသံကြားလို့လှည့်ကြည့်လိုက်တော့ သူကလက်လှမ်းပြနေတယ်

သူမလဲခပ်သွက်သွက်ထပြီး ဘယ်သူမှမသိအောင် အတတ်နိုင်ဆုံးလုပ်ပြီး

သူ့ကားထဲဝင်ထိုင်လိုက်ပြီး သူခေါ်ဆောင်ရာကိုလိုက်သွားလိုက်တယ်

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Tempat cerita menjadi hidup. Temukan sekarang