Chapter.4
သင်းရနံ့ ဒီနေ့ကျောင်းကိုခပ်စောစောလာခဲ့တယ်
သူမဈေးကိုမဝင်တော့ပဲ ကျောင်းကိုတန်းလာခဲ့တာဘာကြောင့်လဲ
အခုရက်ပိုင်း သူမသိပ်စိတ်ရှုပ်နေရလို့လေ အရမ်းဆိုးတဲ့ big boss ကြီးက ကိုယ့်နောက်ကိုအမြှီးနှံ့ပြီးလိုက်နေတာက ဂုဏ်ယူစရာကောင်းတာမှမဟုတ်ပဲ
ငြိမ်းချမ်းနေတဲ့သူမရဲ့ဘဝဟာ ပျိုမဒီတွေရဲ့ အဓိကပစ်မှတ်ဖြစ်လာသလို မေဂျာတခုလုံးကလဲသတိထားမိလာပြီ
အိုကျယားးးးး
ငြိမ်းငြိမ်းချမ်းချမ်းနဲ့အလုပ်များတဲ့နေ့ရက်တွေကို ဒီအတိုင်းဖြတ်ကျော်သွားချင်ရုံလေးပါ
အဲ့ကောင်က ဘာအညိုးရှိလို့အခုလိုလိုက်နှောင့်ယှက်နေရတာလဲ
"ဒုန်းးးးးး "
"အားးးးးးးးး"ဒေါသထွက်ထွက်နဲ့တွေးပြီးလာလိုက်တာ ကိုယ့်ရှေ့တည့်တည့်ရောက်နေတဲ့ဆိုင်ကယ်ကိုတောင်မတွေ့ပဲ ဝင်တိုက်မိတဲ့အထိ
"သူတောင်းစား ကောင်းကျိုးကိုမပေးဘူး"
လူမမြင်ရပဲ တွေးပဲတွေးမိတာတောင် အခုလိုဖြစ်တယ်
လူသာမြင်ရရင် ငါကတော့ ကားများအတိုက်ခံရမလားမသိ
သူမနာသွားတဲ့ဒူးကိုအသာပွတ်ကာ ဆိုင်ကယ်ပိုင်ရှင်ကိုမော့ကြည့်လိုက်တယ်
တချက်ကြည့်လိုက်ရုံနဲ့ တရုတ်လူမျိုးပဲဆိုတာသိနိုင်လောက်အောင် ရုပ်ရည်ကထူးခြားလွန်းနေတယ်
တရုတ်လူမျိုး?
အခုတလော အဲ့လူမျိုးတွေနဲ့ကံစပ်နေတယ်ထင်ပ
"နာသွားလားမိန်းကလေး sorry နော် မင်းလာတာကို ကိုယ်မမြင်လိုက်လို့ပါ "
ဟွန်း ဟိုတောက်တဲ့ထက်စာရင် ဒီလူကတော့ နဲနဲယဉ်ကျေးမူ့လေးဘာလေးရှိသား
ဒါပေမဲ့ သူမကအရင်ဝင်တိုက်တာဆိုတော့
"အာ ရပါတယ် ရှင့်ဆိုင်ကယ်ကို မမြင်လို့ ကျွန်မဝင်တိုက်လိုက်တာပါ တောင်းပန်မယ်ဆို ကျွန်မကတောင်းပန်ရမှာပါ "

BINABASA MO ANG
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...