ch.6.zgi

765 16 3
                                        


Chapter.6.

ကျယ်လွန်းလှတဲ့အိပ်ခန်းပဲ

ကုတင်ကြီးကလဲ သူမတခါမှမမြင်ဖူးတဲ့အပြင်အဆင်မျိုးနဲ့ ခမ်းခမ်းနားနားပြင်ဆင်ထားတယ်

ကြီးမားတဲ့ပန်းချီကားတွေချိတ်ဆွဲထားပြီး မီးဆိုင်းတွေကလဲ အတော်လှတယ်

ရှိသမျှအရာအားလုံးဟာ သူမနဲ့အလှမ်းဝေးလှပြီး တခါမှမမြင်ဖူးတဲ့အရာတွေချည်းပဲ

သူမကိုအောက်ချပေးပြီးထဲက သူမရဲ့မျက်နှာအမူအယာတွေကိုတခုမကျန်လိုက်ဖတ်နေတဲ့ အဲ့လူကိုလဲ သူမ သတိမထားမိ

ပါးစပ်ဟောင်းလောင်းနဲ့ ငေးနေမိတဲ့အဖြစ်ကိုလဲ အလေးမထားမိ

တသက်မှာတခါသာမြင်ရတဲ့အတိုင်း အားလုံးဟာအသစ်အဆန်းဖြစ်လို့နေတယ်

ရုတ်တရက် သူမကောင်းကင်ဘုံကိုရောက်သွားခဲ့တဲ့အတိုင်းပဲ

သူဘာကြောင့် သူမကိုခေါ်ဆောင်လာလဲမသိပေမဲ့ သူ့မျက်ဝန်း‌တွေဟာ သူမအထင်ရိုးသားနေသလားလို့တွေးမိလိုက်တော့ နဲနဲတော့စိတ်အေးသွားမိတယ်

"ရနံ့ !"
"ဟင် "
"ကိုယ့်နာမည်ရော သိရဲ့လား"
"..........."

သူမမျက်နှာကအပြောင်းအလဲတိုင်းကိုသတိထားမိတဲ့သူက သူမသူ့နာမည်ကိုတကယ်မသိဘူးဆိုတာ ရိပ်မိလိုက်တယ်

ဒိထူးဆန်းတဲ့မိန်းကလေးကတော့ သူမနောက်ကိုလိုက်နေတဲ့သူရဲ့နာမည်ကိုတောင်မသိဝာာကလွန်လွန်းတယ်မဟုတ်ဘူးလား

ကောင်းပြီ ချစ်မိတဲ့သူကပဲ အောက်ကျခံပြီးနောက်တခါ‌ထပ်မိတ်ဆက်ရတော့မှာပေါ့

"ကိုယ့်နာမည်က အာကာမိုးထက်မြင့် chemistryမေဂျာက ကိုယ့်အသက်က ဆယ့်ကိုးထဲမှာ  အိမ်နာမည်က တိုင်ရှန်း ကိုယ့်ကို တိုင်ရှန်းလို့ခေါ် မဟုတ်ရင်လဲ ရှောင်စန်းလို့ခေါ်နိုင်တယ် ကိုယ့်မှာ အကိုနှစ်ယောက်ရှိတယ် အာကာမိုးမြင့်လွန်း နဲ့ အာကာဖုန်းမြင့်ထက် ကိုယ်ကမိသားစုမှာအငယ်ဆုံးလေ ကိုယ့်အကြောင်းမမေ့ပစ်ရဘူးနော် ကိုယ်ပြန်မေးလို့မသိရင် တခါမေးတိုင်းတခါနမ်းပစ်မယ်"

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Donde viven las historias. Descúbrelo ahora