Chapter.38.
စကောထမင်း.....
အမ်း တမျိုးကြီးပဲ
သူမစကောထမင်းဆိုတာကိုကြည့်လိုက်တာနဲ့မျက်ခုံးပင့်မိသွားတယ်
စကောတချပ်ထဲမှာ စုပေါင်းပြီးထည့်ထားလို့ စကောထမင်းလို့ခေါ်တာလား
သူမအမြင်တော့ ရှေးခေတ်က ဒေါင်းလန်းနဲ့ လက်ရည်တပြင်ထဲထမင်းပေါင်းစားရသလိုပါပဲ
စကောတချပ်ထဲမှာပဲ ဝက်သားကြော် ကြက်သားကြော် ဘူးသီးကြော် ဆိတ်သားမွကြော် ငါးကြင်းကြော် ဆိုပြီး အကြော်ကငါးမျိုး
မျှစ်သုတ် ပဲစောင်းသျားသီးသုပ် နဲ့ သူမမသိတဲ့အရွက်တွေသုတ်ထားတဲ့ အသုပ်တွေကငါးမျိုး
ခရမ်းချဉ်သီးထောင်း ပဲသီးထောင်း ငရုတ်သီးတောင့်ကြော်နဲ့ ခရမ်းကြွပ်သီးထောင်း ဘာလချောင်အစပ် ဆိုပြီး အစပ်ငါးမျိုး
အရွက်ကြော်ငါးမျိုး
သူမအထင်တော့ မုန်ညင်း ကိုင်လန် ကညွတ် ဟင်းနုနွယ်နဲ့ နောက်တခုက ဖရုံရွက်ကြော် ထင်တယ်
အဲ့ဒါတွေအကုန်လုံးကို
ငှက်ပျောရွက်တွေခင်းထားတဲ့အပေါ်မှာဝိုင်းပုံထားတယ်
ပြီးတော့ တောင်ယာဆန်တဗူးနီးပါးလောက်က စကောအလယ်မှာပုံထားတယ်
ကြည့်လိုက်ရင် တမျိုးကြီးဆိုပေမဲ့ မျက်စိပဒါသတော့ရှိတာပဲ
"ဒါတပွဲဘယ်လောက်လဲ "
"25000"
"..........."
မြတ်စွာဘုရား
ဒါ ပိုက်ဆံဖြုန်းတာပဲမဟုတ်ဘူးလား
ပြီးတော့ သုံးယောက်လောက်ဝိုင်းစားရင်တောင် မကုန်မဲ့အနေအထားနဲ့
သူမကြောင်တောင်တောင်လေးနဲ့ သူ့ကိုကြည့်နေဆဲ
အခန်းကိုကာထားတဲ့ခန်းစီးစကနောက်တခါ ထပ်လှပ်လာခဲ့တယ်
စားပွဲထိုးလေးက ဖျော်ရည်နှစ်ပုလင်းနဲ့ အသီးအနှံမျိုးစုံကိုလှီးပြီးထည့်ထားတဲ့ ပန်းကန်လှလှလေးကိုပါသယ်လာခဲ့တယ်
ESTÁS LEYENDO
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasíaown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
