chapter.21.uni

1.1K 58 1
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.21

သူမတို့ရေပြာအိုင်ရောက်တော့ ပြန်လည်ဆူညံလာကြတယ်

‌ခပ်သေးသေးလေးသာရှိတဲ့ရေအိုင်ငယ်လေးဟာ ပြာလဲ့နေပြီး အောက်ခြေမှာရှိနေတဲ့သစ်ကိုင်းတွေအထိမြင်နေရတာက သဘာဝကဖန်ဆင်းတဲ့အလှလား အရမ်းမထူးဆန်းလွန်းဘူးလား

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ဟာ သူမတို့ရောက်လာတာကြောင့် ဆူညံသွားခဲ့တယ်

နာရီလောက်နေပြီး အပေါ်ပြန်တက်လာခဲ့ကြကာ တချို့တွေလဲ ကားပေါ်တက်ပြီး ထမင်းထုတ်တွေဖြေစားနေကြပြီ

ရေပြာအိုင်ရှိတဲ့နေရာကဝေးပြီး လူသူအရောက်အပေါက်နည်းတဲ့နေရာမှာမို့ ဘာဆိုဘာမှမရှိပဲတောထဲမှာဖြစ်တယ်

ထမင်းဆိုင်မရှိ မုန့်ဆိုင်မရှိ

သူမတို့ကားကို နတ်စင်နဲ့အနဲငယ်ဝေးတဲ့နေရာမှာရပ်ထားခဲ့တာကြောင့် အားလုံးက ရေပြာအိုင်ကိုနောက်တခေါက်ထပ်မသွားချင်ကြတော့ဘူး

အဲ့လိုနဲ့ သူမတို့ရဲ့လေ့လာရေးကား ငါးစီးဟာ ကလောဘက်ပြန်လှည့်လာခဲ့ကြတော့တယ်

"အားးး ပင်ပန်းလိုက်တာ "

ယုယက အိပ်ရာပေါ်မှာ ခွေခေါက်နေရင်းမှပြောလာခဲ့တယ်

ကလောဟိုတယ်ကိုပြန်ရောက်လာခဲ့ကြတာဖြစ်ပြီး ဒီနေ့ညပြီးရင် လေ့လာရေးခရီးကလဲပြီးဆုံးပြီဖြစ်တယ်

သီရိကတော့ရေချိုးနေပြီး သူမကတော့ ဝရံတာပေါ်မှာထိုင်ကာ အောက်ကသက်ဝင်လှုပ်ရှားနေတဲ့လူတွေကိုကြည့်နေတယ်

အောက်ကလူငယ်တွေက မပင်ပန်းတဲ့အတိုင်းပဲ မီးပုံလေးဖိုကာ ဝိုင်းထိုင်နေကြပြီး ကစားနည်းမျိုးစုံကို ကစားနေကြတယ်

ဝါးခနဲ ထရယ်သံတွေရော ဟေးခနဲအော်ဟစ်သံတွေကိုရော ကြားနေရပြီး သူမဒီအတိုင်းကြည့်နေတာတောင် ပြုံးနေမိတယ်

သူမတို့လို ကစားပွဲမှာမပါဝင်တဲ့လူငယ်တွေလဲရှိပြီး တချို့တွေဆို အိပ်ပျော်ကုန်ကြပြီ

လမ်းလျှောက်မသွားရပေမဲ့ ကားစီးရတာကိုက ပင်ပန်းလွန်းတာကိုး

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Where stories live. Discover now