Chapter.47.
နေရောင်က မှန်ပြတင်းကိုဖြတ်ပြီး အခန်းထဲကိုဝင်ရောက်လာတယ်
စောင်ကိုခါးတဝက်သာခြုံ ထားတဲ့သူမလေးရဲ့လှစ်ဟနေတဲ့အပေါ်ပိုင်းမှာ နီတကွက် ပြာတကွက် စိမ်းတကွက်ဖြစ်နေဆဲ အချစ်အမှတ်အသားများကအပြည့်
ငြိမ်းချမ်းစွာအိပ်ပျော်နေတဲ့သူမလေးရဲ့ပုံသဏ္ဍန်က အနဲငယ်ဖြူဖျော့နေပေမဲ့ နှစ်လွှာသောနှုတ်ခမ်းများကတော့ ကျေနပ်တဲ့ဟန်နဲ့အသာအယာတွန့်ကွေးလို့နေတယ်
သူပြတင်းပေါက်ကိုမှီထားရင်း သူမလေးကိုစိုက်ကြည့်နေမိတာ
ခေါင်းအုန်းအဖြူပေါ်ပျံ့ကျဲနေတတ်တဲ့ရေတံခွန်လိုဆံပင်ရှည်တွေကလဲ အခုတော့ လည်ပင်းတဝိုက်နားတိုတိုတိတိအညှပ်ခံထားရတယ်
ဆံပင်ရှည်တွေအညှပ်ခံလိုက်ရစဉ်က သူတင်မက သူမလေးပါ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြတာကိုသတိရမိတယ်
ခြောက်လ .....
ရှန်ဟိုင်းရောက်နေတာခြောက်လတိုင်ခဲ့ပြီ
သူမလေးရဲ့ခွင့်ရက်လဲပြည့်ပြီ
သူမလေးရဲ့ကျန်းမာရေးစောင့်ရှောက်မူ့ကလဲ စိုးရိမ်စရာမရှိတော့ဘူး
ဓာတ်ရောင်ခြည်နဲ့ကြာရှည်စွာကုသမူ့ခူယူထားရလို့ သူမအသားအရေဟာအနဲငယ်ဖြူဖျော့နေပေမဲ့ ကံကောင်းစွာနဲ့ သူမလေးကအမြဲပြုံးနိုင်ခဲ့တယ်
မလျော့တဲ့ဇွဲနဲ့ အားတင်းခဲ့လို့ရော အမှတ်မထင်ဆေးစစ်မိတဲ့သူမလေးရဲ့ကံအကြောင်းတရားကြောင့်ရော အစပျိုးအဆင့်သာရှိသေးတဲ့ကင်ဆာဆဲလ်တွေကို ဓာတ်ရောင်ခြည်နဲ့ကုသဖယ်ရှားနိုင်ခဲ့တယ်
အစားအသောက်ဆင်ခြင်ပြီး ကျန်းမာရေးကိုဂရုစိုက်မယ်ဆိုရင် သူမလေးက ဆံဖြူသွားကျိုးတဲ့အထိ သူနဲ့အတူရှိနေနိုင်တော့မှာ
သူရပ်နေရာမှ အိပ်ရာထဲပြန်သွားလိုက်ပြီး သူမလေးကိုအနမ်းတွေနဲ့နိုးလိုက်တယ်
သူမလေးရဲ့မျက်ခုံးတန်းလေးတွေဆီ သူမလေးရဲ့နှာတံချွန်ချွန်လေးဆီ သူမလေးရဲ့ပါးမို့မို့လေးဆီ နောက်တော့ သူမလေးရဲ့လှစ်ဟနေတဲ့အစိတ်အပိုင်းတွေဆီ

KAMU SEDANG MEMBACA
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasiown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...