Chapter.48.
"ဝေါ့.......ဝေါ့..... "
"မိုး ဘာဖြစ်နေတာလဲ တံခါးဖွင့်ဦး မိုးးး ဒုန်းဒုန်းးးး ဒုန်းးး"
သူ့ရဲ့စကားကိုသူမပြန်မထူးနိုင်သေးဘူး
အန်ချင်တဲ့စိတ်က သေလုမတတ်မို့ သူမရဲ့အတွင်းကလ်ီစာတွေကိုပါဆွဲထုတ်လာတော့မတတ် အော့အန်နေခဲ့တယ်
သူ မသိအောင် သူမဖုံးထားပေမဲ့
ကြာလေဆိုးလေ
ထမင်းစားပွဲတောင်ထိုင်လို့မရ မီးဖိုချောင်ထဲဝင်လို့မရတဲ့အခြေအနေတွေအထိပါဆိုးဝါးလာတဲ့သူမဟာ အမြဲတမ်းမူးနေတတ်တယ်
ဆေးကုသမူ့ကမထိရောက်မှန်းသိပ်သိသာတာပဲ
"ဝေါ့........."
သူမစားထားသမျှ အကုန်ပြန်အန်တယ်
ရေသောက်ရင်ရေ အသီးစားရင်အသီး
ဘာစားစားပြန်အန်နေတတ်တော့ ကြာတဲ့အခါသူမလဲသူ့ကိုဆက်ဖုံးဖိမထားနိုင်တော့ဘူး
"မိုးးးးးးး ကိုယ့်ကိုပြောဦး မိုးးးး "
ပါးစပ်ထဲပလုပ်ကျင်းကာ အတတ်နိုင်ဆုံးပြုံးထားလိုက်တယ်
နီရဲနေတဲ့မျက်လုံးတွေနဲ့ အက်ကွဲနေတဲ့လေသံကိုသူမရိပ်မိရင်သိပ်ကောင်းမှာပဲလို့တွေးရင်း ထပ်အန်ချင်စိတ်ကိုကျိတ်မှိတ်မြိုသိပ်လိုက်တယ်
"ဂျလောက် "
"ငါအိမ်သာတက်နေတာပါ ဘာလို့အော်နေတာလဲ "
"လိမ်တယ် အန်နေတဲ့အသံကိုယ်ကြားတယ်"
"နံလို့"
"ဟမ် ? "
"နံလို့ အန်ချင်လာတာ ဘာမှမဖြစ်ဘူးကောင်းသွားမှာ"
"ကိုယ့်အနံပဲ အဲ့လောက်ရွံ့ရလား တော်သေးတာပေါ့ လန့်သွားတာပဲ "
"ပြန်အိပ်တော့လေ "
"အင်း လာ ကိုယ်ဖက်အိပ်မယ်"
သူမ သူ့ရင်ခွင်ထဲဝင်လိုက်တယ်
ဘာကြောင့်မှန်းမသိ သူ့ရနံ့ကိုသူမ မအန်ချင်လို့တော်သေးတယ်လို့တွေးမိတယ်

ESTÁS LEYENDO
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasíaown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...