ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.50.
ခွဲစိတ်ခန်း..
သူမကျောကိုထုံဆေးထိုးလိုက်တာကိုသူမသိလိုက်တယ်
စူးခနဲပဲ
အရမ်းနာတယ်
ပြီးတော့ ဆီးပိုက်သွင်းပြီး သူမဗိုက်ကိုခွဲလိုက်တာလဲ သူမသိလိုက်တယ်
မနာဘူး ဒါပေမဲ့ သူမခံစားရတယ်
ဓားတွေနဲ့သူမရဲ့ဗိုက်ကိုခွဲနေတာ မျက်စိမှိတ်ထားပေမဲ့ သူမအတိုင်းသားကြားနေရတယ်
ဆရာဝန်တွေအများကြီး
အခုမှ ဟောက်ဆင်းနေတဲ့ဆရာဝန်ငယ်လေးတွေလဲပါတယ်
အခုချိန်မှာတော့ အကုန်အရှက်ကုန်ပဲ
သူမသိတာက သုံးထပ်လောက်ခွဲလိုက်တယ်
ပြီးတော့ ရေမွှာကိုစုပ်ထုတ်လိုက်တဲ့အသံကိုလဲကြားနေရတယ်
သူမအသက်ရှူမဝဘူး
သူမရင်ထဲက အသက်ရှူရခက်နေတယ်
သူမအာရုံပြောင်းသွားတဲ့အချိန် သူမဗိုက်ထဲက ကလေးကိုဆွဲထုတ်နေကြတယ်
"ကလေးညှပ်နေတယ် ဖြေးဖြေးဆွဲ "
ဖြေးဖြေးဆွဲလို့သာပြောတာ သူမတကိုယ်လုံးလေထဲကိုလေးကြိမ်ငါးကြိမ်လောက်မြောက်တက်သွားတယ်
"ကလေးအထူးကုဘယ်မှာလဲ ကလေးအသက်မရှူဘူး အထဲကိုမြန်မြန်လာ "
သူမထိတ်လန့်သွားတယ်
ကလေးလေးအသက်မရှူဘူးတဲ့
သူမကလေးလေး
"ရှော့တက်သွားပြီ မိခင်ရှော့တက်သွားပြီ မေ့ဆေးထိုးလိုက် "
သူမအသားထဲစူးခနဲထပ်ဖြစ်သွားတယ်
သူတို့ကလေးကို ထုတ်သွားပြီး သူမဗိုက်ကိုပြန်ချုပ်နေပေမဲ့ သူမဂရုမစိုက်နိုင်ဘူး
မေ့ဆေးေပးလိုက်လို့ မကြာခင် သူမမေ့သွားတော့မှာ ကလေးလေး ဘယ်လိုဖြစ်သွားလဲသူမသိလိုက်မှာမဟုတ်ဘူး
ဒါကြောင့် သူမအကြည့်ကို မော့ကာကလေးကိုလိုက်ရှာလိုက်တယ်

YOU ARE READING
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...