ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်Chapter.27.
"ဖူးးးး ..... ဟမ် !! "
"တကယ်ကြီးလား? "
ယုယရဲ့အပြောကို သူမရောသီရိရော စားလက်စတောင်သီးသွားလောက်အောင်လန့်သွားခဲ့တယ်
မောင်နှမလိုဆက်ဆံရေးရှိတဲ့ပုံစံကနေ ဘယ်လိုလုပ် ဒရာမာချိုးသွားတာလဲမသိ
"အဲ့ဒါနဲ့ ဘာဆက်ဖြစ်သွားလဲ "
သိချင်စိတ်ေတွနဲ့ သူမတို့နှစ်ယောက်ရဲ့မျက်လုံးတွေကပြူးကျယ်နေလောက်တယ်
"ဘာဖြစ်ရမှာလဲဟာ warningပဲပေးလိုက်တာပေါ့ ဒိလိုမျိုးက လူသိရှင်ကြားဖြစ်လို့ကောင်းတာမှမဟုတ်တာ "
သူမတို့ကန်တင်းထိုင်နေရင်းမှ ယုယရဲ့အခုတလောမူမမှန်တဲ့ပုံကိုကြည့်ပြီးအစ်အောက်လိုက်တာက ဒီလိုကြိးကြီးမားမားဖြစ်ရပ်ကြီးပေါ်ထွက်လာမယ်လို့မထင်ခဲ့ကြဘူး
"ဟုတ်ပါတယ် နင်လဲမေ့လိုက်တော့သိလား "
"ဟုတ်တယ်စဉ်းစားမနေနဲ့ "
သူမတို့တစ်ယောက်တပေါက်ဝိုင်းပြောနေကြတာကို ယုယငအပြုံးလေးနဲ့ပဲခေါင်းညိတ်တယ်
"ဒါနဲ့ ဇေရတုပိုင်က ချောပြီးပွေမဲ့ပုံပဲ အဲ့ဒါကို ဘယ်လိုဖြစ်ပြီးယုယဘက်လှည့်လာတာလဲမသိဘူး ငါ့ကိုလာကြိုက်ရင်တောင်အဖြေချက်ချင်းပြန်ရဦးမှာကို "
"ရွနေလိုက်သိလား အရူးမ"
သီရိရဲ့အရွှန်းဖောက်သံကြောင့် ဆိုင်ထဲမှာဆဲဆိုသံတွေဆူညံသွားခဲ့တယ်
"အင်း ပြောရင်းဆိုရင်းပန်းစောင့်ဘိီလူးကြီးတော့ရောက်လာပါပြီနော် "
ယုယရဲ့အပြောကြောင့် သူမလှမ်းကြည့်လိုက်တော့ ကိုးရီးယားရှပ်လေးကို စတိုင်ပန်နဲ့တွဲဝတ်ထားတဲ့ သူမရဲ့ကဲလွန်းသဲလွန်းတဲ့ကိုယ်တော်လေးကိုတွေ့လိုက်ရတယ်
အရပ်ကမြင့်လွန်းတော့ကလန်ကလားဖြစ်နေပြီး စတိုင်ပန်တောင်ခြေမျက်စိရောက်နေပြီ
"မိုးထိုးနေတဲ့အရပ်ကြီးနဲ့ဟယ် အကုန်ဝင်တိုက်ကုန်ဦးမယ် ဒါနဲ့ နင့်ဘဲဘဲက သူငယ်ချင်းတွေမရှိဘူးလား အားတာနဲ့နင့်နားပဲအပြေးအလွှားရောက်လာတယ် "

BINABASA MO ANG
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...