ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.22.
အခန်းတွင်းအနဲငယ်တိတ်ဆိတ်နေပြီး မျှော်လင့်ချက်အပြည့်နဲ့သူမကိုစိုက်ကြည့်နေတဲ့သူ့ကြောင့် သူမစိတ်မသက်မသာပြန်ဖြစ်လာခဲ့တယ်
သူမရဲ့မျက်နှာထားကိုကြည့်ကာ သူကသက်ပြင်းတိုးတိုးလေးချလိုက်တယ်
" ကိုယ့်ရဲ့တောင်းဆိုချက်က နဲနဲလွန်နေတဲ့ပုံပဲ ကြည့်ရတာ ကိုယ်ထပ်အငြင်းခံရပြန်ပြီထင်တယ် "
"ငါ .... "
ပျက်ယွင်းသွားသောမျက်နှာငယ်လေးနဲ့ကြောင်လေးတကောင်လို မျက်နှာထားလေးဟာ သူမခံနိုင်ရည်စွမ်းကိုထိပါးနေသလိုပဲ
"ရပါတယ် ကိုယ်ကျင့်သားရနေပါပြီ "
".........."
သူပြောတဲ့ပုံက သူမကပဲအရမး်ရက်စက်နေသလို
မျက်လွှာလေးချလို့ ငိုက်စိုက်ကျနေတဲ့လူငယ်လေးရဲ့မျက်နှာက ပြုံးယောင်သမ်းနေတာကိုတော့ ကျိန်းသေပေါက်သူမ မတွေ့ဘူးပေါ့
သံဆိုတာ ပူတုန်း နာနာထုရတယ်တဲ့ ရှားရှားပါးပါး သူမစိတ်နူးညံ့နေတဲ့အခိုက်မှာ သူကဘာကြောင့်အခွင့်အရေးယူလို့မရမှာလဲ
ဟမး် ပြီးတော့ ဒီလိုအချိန်မှာမှ မလှုပ်ရှားဘူးဆိုရင် သူကအရူးဖြစ်သွားမှာပေါ့
သူမစိတ်ထဲအပြစ်တင်စိတ်ဖြစ်နေတဲ့အချိန် သူကအပျော့ဆွဲလေးဆွဲပြီး သူ့မိန်းကလေးဖြစ်အောင်လုပ်ရမယ်
သူ့မျက်နှာကို ညိုးငယ်နေတဲ့ပုံလေးလုပ်လိုက်ပြီး သူမကိုမော့ကြည့်လိုက်တယ်
"ဒီနေ့က ကိုယ့်မွေးနေ့ဟာကို မလိုက်လျောပေးနိုင်ဘူးလား....ဟင် ?"
"........"
"အာ ...ထားလိုက်ပါတော့လေ ကိုယ်က မိုးကိုစောင့်မယ်လို့ပြောထားတာပဲဟာ သုံးနှစ်ဆိုလဲစောင့်မယ် ငါးနှစ်ဆိုလဲစောင့်မယ် ဒါပေမဲ့ ... မွေးနေ့လက်ဆောင်အဖြစ်တောင်းတာလေ ကိုယ်စိတ်မကောင်းဖြစ်အောင် တကယ်ပဲလုပ်တော့မှာလားဟင်?"
"......."
အနှေးနဲ့အမြန်သူ့ချစ်သူဖြစ်လာမှာဆိုပေမဲ့ သူ့မွေးနေ့မှာသူမချစ်သူဖြစ်ခွင့်ရလိုက်မယ်ဆို ဒါဟာ သူ့အတွက် တသက်မမေ့နိုင်စရာဖြစ်လိမ့်မယ်

BẠN ĐANG ĐỌC
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Viễn tưởngown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...