ch.5.zgi

904 14 0
                                        


Chapter.5

သင်းရနံ့တွေးမိတာ ပြေးဖို့

ဒါပေမဲ့ ပြသနာက လူးလှိမ့်နေတဲ့သူ့ကိုကျော်ပြီး
ဘယ်လိုသွားရမလဲဆိုတာပဲ

သူမကျောကပ်ထားတဲ့တံခါးကများဖွင့်လို့ရမလား

သူမကျောလှည့်ကာ တံခါးဖွင့်ဖို့ကြိုးစားလိုက်ပေမဲ့ ကားမပြောနဲ့ဆိုင်ကယ်တောင်မစီးတတ်တဲ့သူမ ပြသနာထပ်တက်ပြန်တယ်

ဘယ်နေရာကိုနှိပ်ရင် တံခါးပွင့်မလဲ

အဲ့ဒါကိုတွေးနေရတာနဲ့ သူမလက်ကရှက်ဖို့ကောင်းစွာ လေထဲတန်းလန်းရပ်တန့်လို့နေတယ်

ခလုတ်တွေက ဘယ်နေရာမှာလဲ ဒီမှာသုံးခုတော့တွေ့တယ်

"အာ ဘာပဲဖြစ်ဖြစ် ဒီကလွတ်ရင်ပြီးရော"

နောက်ဆုံးတော့ မျက်စိစုံမှိတ်ကာ တွေ့တဲ့ခလုတ်ကို အသားကုန်နှိပ်ရင်းထွက်ပြေးဖို့လမ်းစဉ်ကိုချဲ့ထွင်ရတော့တယ်

ကံကောင်းစွာ သူမနှစ်ခါမြောက်နှိပ်ပြီးတဲ့အချိန်မှာတော့ တံခါးပွင့်သွားခဲ့တယ်

ပွင့်သွားတယ်

ပွင့်သွားပေမဲ့ သူမခါးကိုသန်မာတဲ့လက်တစုံကလာရောက်ရစ်ပတ်သွားပြီး ကယ်ကြပါ လို့အော်ဟစ်အကူအညီတောင်းလုဆဲဆဲ သူမပါးစပ်ကိုလဲလက်တဖက်ကပိတ်လိုက်တာ‌ကြောင့် ကားထဲပြန်ရောက်သွားပါတော့တယ်

ကယ်ကြပါ

တစ်ယောက်ယောက်ကယ်ကြပါ

ဘယ်သူမှမကယ်ကြတော့ဘူးလား

ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်ပေမဲ့ သူမကိုအေးစက်စွာစိုက်ကြည့်လာတဲ့သူ့အကြည့်ကြောင့်

သူမရဲ့ကယ်တင်ရှင်ကိုရှာတဲ့ဇတ်လမ်းစောစောစီးစီး တခန်းရပ်ပြဇတ်လို ရပ်တန့်သွားပါတော့တယ်

သူမတိတ်သွားပေမဲ့ သူမခါးကိုဖက်ထားတဲ့သူ့ရဲ့လက်တွေထဲကအတင်းရုန်းနေမိပြန်တယ်

သူမအံကြိတ်အာ အောင့်အီးသီးခံနေပေမဲ့ ယားလွန်းလို့ မျက်ရည်တွေတောင်ဝဲတက်လာခဲ့တယ်

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Wo Geschichten leben. Entdecke jetzt