ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.33.
"အချိန်ငါးနှစ် ငါးနှစ်အတွင်း ကိုယ်မဟုတ်တဲ့ တခြားသူကိုမချစ်ရဘူး မထိရဘူး ရင်မခုန်ရဘူး ကိုယ်ငါးနှစ်အတွင်း မင်းဘေးကို ပြန်လာမယ် ကိုယ့်ကိုစောင့်နေပေးပါ "
သူမ သူ့ကိုရင်နာစွာကြည့်လိုက်တယ်
ငါးနှစ်မကလို့ ဆယ်နှစ်ပဲဖြစ်ပါစေဦး သူမနှလုံးသားမှာ သူကအမြဲနံပါတ်တစ်ဖြစ်နေမှာပါ
သူမကိုကစားလိုတဲ့စိတ်နဲ့ဟန်ဆောင်ချစ်ခဲ့တာဆိုရင်တောင် သူမဘက်ကပေးခဲ့တာအစစ်အမှန်တွေချည်းမို့ သူ့ရဲ့လှည့်ကွက်တွေကိုတောင်သူမမျက်လုံးမှိတ်ကာမသိယောင်ဆောင်ပေးခဲ့သေးတာပဲ
အဲ့ညက သူရဲ့သူငယ်ချင်းတွေကပြောခဲ့တယ်
သူမကလိုက်ရခက်တယ်
ပိုအရသာရှိနိုင်တယ်တဲ့
အရင်မိန်းကလေးတွေလိုမြည်းစမ်းပြီးတာနဲ့စွန့်ပစ်ထားမှာလားတဲ့
သူဘာမှပြန်မပြောခဲ့ဘူး
သူမနားလည်တယ်
ယောကျာ်းလေးဆိုတာ တခုခုကိုလိုချင်ရင်ရမှ လွယ်လွယ်ကူကူနဲ့ရခဲ့ရင်စွန့်ပစ်ဖို့ဝန်မလေးသလို
ခက်ခက်ခဲခဲရပြီးသွားလို့မြည်းစမ်းပြီးသွားရင်လဲ လွင့်ပစ်လိုက်ဖို့မခက်ဘူး
တကယ်တော့ အဲ့စကားတွေက သူမသူ့ကိုအဖြေပေးခဲ့တဲ့ည အဲ့ညမှာ မတော်တဆသူမကြားခဲ့မိတာ
တစ်လျောက်လုံး သူ့ကိုမယုံကြည်ခဲ့ပေမဲ့ ပေးအပ်လိုက်တဲ့ချစ်ခြင်းတရားကလဲကျွံဝင်ပြီးသွားခဲ့ပြီမို့
သူမဘက်ကပြန်ပြီးယူချင်ရင်တောင် လွယ်လွယ်ကူကူပေးအပ်ထားတာမဟုတ်လို့ သူမဘာမှမတတ်နိုင်ခဲ့ဘူး
အခုလဲ ငါးနှစ်တဲ့သူမကိုစောင့်ခိုင်းပြန်ပြီ
တကယ်လား သူမကိုထပ်ပြီးလှည့်စားချင်နေတာလား
မသဲမကွဲဖြစ်နေပေမဲ့
သူမခေါင်းညိတ်လိုက်မိတယ်
သူမရဲ့မသိစိတ်ထဲက တစုံတခုကတော့ ငြင်းဆန်နေခဲ့တယ်
ထားလိုက်ပါတော့လေ
YOU ARE READING
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
