ဆားမပါတဲ့ဟင်း အသိအမှတ်ပြခြင်းမခံရတဲ့အချစ်
Chapter.19.
သူမ မည်သို့ပြန်ဖြေရမည်နည်း
ချက်ချင်းလက်မခံလိုသေးသော်လည်း နှလုံးသားကမငြင်းဆန်လိုခဲ့
အသိစိတ်ကမဖြစ်သင့်ဘူးလို့ပြောနေပေမဲ့ ထုံကျင်နေတဲ့မသိစိတ်က ဇွတ်တိုးဖို့ကြိုးစားနေလေတယ်
သူ့မျက်နှာချောချောကို ပထမဆုံးအနေနဲ့အလေးအနက်ထားပြီး စိုက်ကြည့်လိုက်တယ်
"ငါစဉ်းစားပေးမယ် "
"ကိုယ်နားလည်ပါတယ် မင်းကိုထပ်ပြီးငြင်းလိုက်....ဟမ် ...."
ပြောနေရင်းလက်စ ရပ်တန့်သွားပြီး သူမကိုမယုံသလိုစိုက်ကြည့်လာတဲ့သူက သူမရဲ့အပြုံးပါးပါးလေးကိုမြင်မှ လက်တွေ့လောကထဲပြန်ရောက်လာပုံရတယ်
"ရေးးးးးးးးးးး ဝူးးးးဟားးးးး "
စဉ်းစားပေးမယ်ဆိုတဲ့စကားစုကို ချစ်တယ်လို့အဖြေပြန်ပေးလိုက်တယ်များထင်နေလားမသိ အော်ဟစ်ခုန်ပေါက်ပစ်လိုက်တာ သူမတောင်လန့်သွားပြီမျက်လုံးပြူးရတယ်
တချိန်ထဲမှာပဲ သူမနှလုံးသားကိုလဲ ရေနွေးစီးကြောင်းလေးတခုကဖြတ်သန်းသွားခဲ့ပြီး ကျေနပ်သွားကာ နွေးထွေးလာစေခဲ့တယ်
သူမ မတတ်နိုင်စွာ သက်ပြင်းခပ်လေးလေးတချက်ကိုလဲ ချလိုက်မိပါရဲ့
ကြည့်ရတာ သူမရဲ့နှလုံးသားက သူမဦးနှောက်ရဲ့တွက်ချက်နိုင်စွမ်းကိုအနိုင်ရသွားတဲ့ပုံပေါ်လေရဲ့
သူမနားကိုတိုးလာလိုက် နောက်ပြန်ဆုတ်သွားလိုက် ထိန်းမနိုင်သိမ်းမရပြုံးနေလိုက် ခုန်ပေါက်နေလိုက်နဲ့မျောက်ကလေးတစ်ကောင်ကိုကြည့်ကာ ပထမဆုံးအကြိမ် လွပ်လပ်မူ့ကိုခံစားလိုက်ရတယ်
ဟုတ်တယ်
အဲ့ဒါလူငယ်ဘဝပဲ
ရင်ခုန်စိတ်လှုပ်ရှားပြီး တစ်စုံတစ်ယောက်နဲ့အတူ ကြည်နူးကာ ရှက်ပြုံးလေးတွေနဲ့လှပနေတာမျိုးပေါ့
အဲ့ဒါမှ လူငယ်ဘဝပဲ
ထိုတခန သူမရဲ့ပခုံးပေါ်ရှိထမ်းထားရတြဲဝန်ထုန်ဝန်ပိုးများပျောက်ကွယ်သွားပြီး ပေါ့ပါးနေခဲ့တယ်
DU LIEST GERADE
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
