ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter .2 .
အာကာမိုးထက်မြင့်ဆိုတဲ့ကျွန်တော့်မှာ စိတ်ဝင်စားစရာလေးတခုရှိတယ်ဗျ
တခနတာလေးမဟုတ်ပဲ နှစ်နှစ်ဆက်တိုက်စောင့်ကြည့်နေမိတဲ့ ဇတ်လမ်းလေးတပုဒ်ရှိတယ်
မိုးနံ့သင်းဆိုတဲ့သူမကို သူစတွေ့ခဲ့တာ မေဂျာပေါင်းစုံက kings. queens . Princes နဲ့ princess များကို တာဝန်တွေအသီးသီးခွဲပေးတဲ့ပွဲတခုမှာပေါ့
ဘေးချင်းကပ်ထိုင်မိကြပြီး ကျန်တဲ့မိန်းကလေးတွေရဲ့မျက်လုံးတွေက ကျွန်တော့ဆီမှာကပ်နေတာတောင်မှ သူမဆီကအကြည့်လေးတစ်ချက်တောင်ရွေ့မလာဘူးလေ
အစတုန်းကတော့ ကျွန်တော်က သူမကို ဘဝင်မြင့်တယ် မာနကြီးလဲကြီးတာကြောင့်လို့ထင်ခဲ့တာ
အရိုးခံမျက်နှာလေးဟာ ပကတိကြည်လင်ပြီး ဘာရှုပ်ထွေးမူ့ ဘာအညစ်အကြေးမှမရှိသယောင် ဖြူစင်လို့နေတယ်
ကျွန်တော် တကယ်အံ့ဩသွားတယ်
တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ကြတော့ အားလုံးကိုတချက်ဝှေ့ကြည့်လိုက်ပြီး ခပ်ရှင်းရှင်းသာစကားဆိုတယ်
"မိုးနံ့သင်း ....botany majiorကပါ "
တခုံလုံးကိုခြုံကြည့်လိုက်တဲ့ အကြည့်က ကျွန်တော့ဆီရောက်လာလဲ ဒိအတိုင်းသာမာန်လေးပဲကြည့်သွားခဲ့တယ်
ဒါတေွအားလုံးကလူတွေချည်းပဲ ဘာမှမထူးခြားဘူး ဆိုတဲ့အကြည့်နဲ့
ရုပ်ရည်ကြောင့် အမြဲတမ်းထူးထူးခြားခြားဆက်ဆံခံရတဲ့ ကျွန်တော်တောင် အောင့်သက်သက်ဖြစ်သွားခဲ့တယ်
ဒါပေမဲ့ သူမရဲ့လွန်းအိမ်ပုံ မျက်ဝန်းလေးတွေကအရမ်းလှတယ်
နက်မှောင်တဲ့ဆံနွယ်ရှည်တွေကလဲအရမ်းလှတယ်
သူမရဲ့မျက်ခုံးလေးတွေက ထူးထူးဆန်းဆန်းကွေးကွေးထူထူလေး နှာတံကချွန်လွန်းလို့ ကိုယ့်လာစိုက်တော့မယ်တောင်ထင်ရတယ်
နှုတ်ခမ်းမွေးရေးရေးလေးရဲ့အောက်ကနှုတ်ခမ်းနှစ်လွာဟာ မက်မွန်သီးလေးတွေလိုပဲ နီနီလေးနဲ့လှလှလေး ကိုက်စားချင်စရာလေး
ESTÁS LEYENDO
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasíaown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
