ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်Ch.1.
မိုးနံ့သင်းဆိုတဲ့သူမဟာ ရိုးရိုးအေးအေးလေးနဲ့အကြောက်တရားကြီးမားတဲ့သူပါ
ကျိုးကျိုးကုတ်ကုတ်လေးနဲ့နေရတာကြိုက်လွန်းလို့ တောသမလို့တောင်အမည်တပ်ထားခြင်းခံရတဲ့သူမပါ
ပြီးတော့ သူမမှာ အလုပ်တွေတပုံကြီးရှိတယ်
တကယ်ကိုလုပ်စရာများတယ်
အချစ်ဆိုတာကိုဘယ်မှာတွေ့ဖူးချိန်ရလို့လဲ
အိမ်ပြန်ရင် အိမ်တွင်းမူ့လုပ်တဲ့အမေလုပ်ငန်းမှာဝင်ကူရတယ်
မောင်နဲ့ညီမလေးကိုထိန်းကျောင်းပေးရမယ်
တအိမ်လုံးရဲ့အဝတ်တေွလျှော်ရမယ်
ချက်ပြုတ်ရမယ်
ညနေရောက်ရင်ဈေးသွားပြီး အမေ့အတိုးတွေကိုနေ့ဆိုင်းနဲ့ကောက်ကူရဦးမယ်
ညကျရင် အိမ်တွင်းမူ့လုပ်ငန်းမှာတခါလုပ်ကူရင်း တဖက်ကစာကျက်မှတ်ရမယ်
သန်းခေါင်းလောက်ရောက်မှအိပ်ရတဲ့သူမက မနက်အစောကြီးထကာ ချက်ပြုတ်ပြင်ဆင်ထားခဲ့ပြီးမှ သူမအိမ်နဲ့သုံးမိုင်လောက်ဝေးတဲ့uniကို ခပ်သွက်သွက်လျောက်ကာ အပြေးလေးသွားရတယ်
အိူးးးးးးးး များလိုက်တဲ့အလုပ်တွေ
ဒီလောက်အလုပ်များနေတဲ့သူဆီ အချစ်ကဘယ်လိုလှိမ့်ပြီးဝင်လာမှာလဲပြော
တပတ်ကို3500ပဲပေးတဲ့အမေ့ကိုမပူဆာချင်တာကြောင့် အသိဆိုင်တွေမှာနေ့လည်ခင်းဆို စက်ချုပ်စက်ပြင်စက်နင်း စတဲ့အချိန်ပိုင်းအလုပ်လေးကပြေးလုပ်လိုက်ရသေးတယ်
ထဘီတကွင်းကို 100 ဘောင်းဘီဆို 200 ပေးတဲ့အမကိုကျေးဇူးတင်ရမယ်
ဘယ်လိုပဲဖြစ်ဖြစ် သူမအတွက် တပတ်ကို 3000လောက်ပြန်ထွက်လာသေးတာကိုး
ဒါတောင် အားလပ်ရက်တွေမှာ အမှာစာတွေလိုက်ပို့ရလို့မအားတဲ့အချိန်တွေကိုတောင်တွက်မထားဘူး
နွေရာသီ အခါကြီးရက်ကြီးတွေဆို အေမ့ဖောက်သယ်တွေရဲ့ငါးေခြာက်ဆိုင်မှာ တပတ်ဆယ်ရက်လောက်သွားလုပ်ကူရတဲ့အချိန်တွေကိုတော့ ထည့်မတွက်တော့ပါဘူးလေ

BINABASA MO ANG
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...