chapter.37.zgi

429 11 1
                                    


Chapter.37.

"အဲ့လိုကိုး ကိုယ်ကမှားတာ အဲ့တုန်းထဲကမေးလိုက်ရမှာ "

သူမရဲ့‌ခါးသိမ်သိမ်လေးကို‌နောက်မှဖက်ထားရင်း မွှေးပျံ့နေတဲ့ဆံနွယ်တွေကိုနမ်းရှိုက်လိုက်တယ်

"နင်ရော ဘယ်တွေရောက်နေတာလဲ "

"ကိုယ်ကတော့ ဒီလိုပဲပေါ့ မင်းကြောင့်အသဲကွဲသွားလို့ရှန်ဟိုင်းကိုပြေးသွားလိုက်တာနဲ့ကိုယ့်အ‌ဖေလက်ထဲမှာဂွိခနဲမိသွားတော့တာပဲ "

"ဪ...."

သူမရဲ့အထိအတွေ့ အနံ့အသက်နဲ့ စကားသံချိုချိုလေးတွေကိုနားထောင်ရင်း သူ့ရင်ထဲစမ်းချောင်းလေးဖြတ်စီးဆင်းသွားသလို အေးမြနေခဲ့တယ်

အခုမှ သူ့ကိုယ်သူလဲ သတိထားမိတယ် သူမနဲ့ဝေးနေတဲ့အချိန် သူအရမ်းပူလောင်နေခဲ့တာပဲ

အလုပ်တွေပိ စိတ်ဓာတ်တွေကျ အဲ့အချိန် သူမဘေးပြန်လာဖို့တွေးလိုက်တိုင်း သူပြန်အဆင်ပြေခဲ့ရတယ်

နောက်တော့ သူမကိုကလေးတစ်ယောက်နဲ့တွေ့လိုက်ပြီးထဲက သူလဲ နတ်ဆိုးတစ်ယောက်လိုပြောင်းလဲသွားတော့တယ်

အသက်မရှိတော့တဲ့လူတစ်ယောက်လိုမျိုးပဲ

ပိုရက်စက်လာပြီး ပိုကြမ်းတမ်းလာခဲ့တယ်

သူ့အကြည့်တချက်နဲ့တင် ကြောက်ရွံ့ချွေးထွက်သွားတဲ့သူတွေဒူးနဲ့ဒေးပဲ

"လာ ကိုယ့်နောက်လိုက်ခဲ့"

"အာ ဆိုင်ကယ်ကဘယ်လိုလုပ်မှာလဲ "

"ရတယ် ကိုယ့်အောက်ကလူတွေကိုလာသိမ်းခိုင်းလိုက်မယ် ကိုယ်‌တို့ စကောထမင်းသွားစားကြရအောင် ဟိုတခေါက် ရှန်ဟိုင်းကလာတဲ့လုပ်ဖော်ကိုင်‌ဖက်တွေကိုလိုက်ကျွေးတုန်းက မိုးကိုအရမ်းသတိရခဲ့တာ "

သူမ ပြုံးပြီး သူ့ကိုခေါင်းညိတ်ပြတယ်

သူမျက်နှာပေါ်ကအပြုံးတွေလဲမရပ်နိုင်တော့ဘူး

တစ်ယောက်ယောက်သာတွေ့ရင် နတ်ဆိုးဘုရင်ကြီးတော့ရူးနေပြီလို့ပြောမှာအမှန်ပဲ

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Where stories live. Discover now