chapter.35.zgi

358 11 0
                                    


Chapter.35.

ထူးထူးခြားခြား ဒီနေ့က သူမရဲ့မွေးနေ့လဲဖြစ် ကျောင်းပိတ်ရက်လဲဖြစ်တာကြောင့် ဘုရားသွားကျောင်းတက်အမူနဲ့ သူငယ်ချင်းတွေကိုမုန့်လိုက်ကျွေးဖြစ်တယ်

အားလုံးပြီးသွားတော့ သူမကျောင်းကိုပြန်တဲ့အခါ ကလေး‌တွေအတွက် မုန့်တွေဖျော်ရည်တွေဝယ်ဖို့ oceanအပေါ်ထပ်ကိုတက်လာခဲ့တယ်

သူမမွေးနေ့မို့ ကလေးတွေကိုမုန့်ကျွေးမယ်လို့ပြောထားတာကြောင့်ရော

ပန်းကလေးတွေဆံညှပ်တွေလာပေးတတ်တဲ့ချစ်စရာကလေးကြောင့်ရော ဝယ်ခြမ်းဖို့ကို တော်တော်လေးတက်ကြွနေခဲ့တယ်

တွန်းတဲ့ခြင်း‌လေးယူပြီး သူမလျှောက်ကြည့်နေခဲ့တယ်

တခါသုံးခွက်လေးတွေဝယ်ဖြိုသတိရသွားတာနဲ့ သူမအဲ့ဖက်ကိုရောက်သွားခဲ့တယ်

ဒါပေမဲ့ သူမ လက်လှမ်းတဲ့နေရာမှာ တစုံတ‌ယောက်က ဦးအောင်ယူသွားခြင်းကိုခံလိုက်ရတော သူမအံ့ဩစွာလှည့်ကြည့်မိသွားတယ်

ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပဲ

မတွေ့ချင်ရင် လုံးဝမတွေ့ဘူး

တွေ့ပြန်တော့လဲ ပက်ပင်းတိုးရတယ်လို့

သူ....

သူပေါ့....

သူမဘေးမှာရပ်ပြီး သူမကိုအံဩတဲ့ဟန်နဲ့ငုံ့ကြည့်နေတာ

သူမလဲ သူ့ကိုမော့ကြည့်နေမိပြီး အချိန်တွေတောင်ရပ်တန့်သွားသလိုထင်ရတယ်

အသားပိုဖြူလာတယ်

အရပ်ပိုရှည်လာတယ်

ပိုပြီးရင့်ကျက်သလိုဖြစ်နေပေမဲ့လဲ ဆိုးသွမ်းခြင်းနဲ့ရူးမိုက်ခြင်းတွေကိုတော့ အတိုင်းသားမြင်နေရသေးတယ်

တခွန်းထဲပြောရရင် ပြည့်စုံလာတယ်

သို့ပေမဲ့ တစုံတစ်ယောက်က သူ့ကိုတရုတ်လိုပြောလာပြီး သူမကိုစိတ်ဝင်စားတဲ့အကြည့်နဲ့ကြည့်နေတာကိုလဲသူမတွေ့လိုက်ရပြန်တယ်

တကယ်တော့ အဲ့ဒီတစုံတစ်ယောက်ကလဲ တော်တော်ဆွဲဆောင်မူ့ရှိတဲ့မိန်းကလေးဖြစ်ပြီး ဖြူဖွေးစွတ်နေကာ အရုပ်မလေးအလားလှပလွန်းတယ်

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Nơi câu chuyện tồn tại. Hãy khám phá bây giờ