ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter .15.
လူတချို့က အချစ်ကိုပေါ့ပေါ့တန်တန်သဘောထားကြပြီး လမ်းဘေးချရောင်းနေတဲ့နှင်းဆီပန်းဝယ်သလိုမျိုး အစည်းလိုက်ဝယ်ချင်ကြတယ်
နှစ်ယောက်သုံးေယာက်ပြိုင်ပြီးထားကြကာ ပြသနာဖြစ်ရင်လဲ အေးအေးဆေးဆေးပြီးသွားကြတာပဲ
နောက်တေ့ာ အချစ်သစ်ကိုရှာတွေ့သွားကြပြန်တယ်
အရမ်းကိုလွယ်ကူလွန်းခဲ့ကြတယ်
သင်းရနံ့ ကျောင်းကိုလာတဲ့တလျှောက် အချစ်ငှက်လေးတွေကိုတွေ့မိတယ် တကယ်ကိုပဲ သူမအတွက်ခက်ခဲပြီး ကျန်တဲ့သူတွေအတွက်တော့လွယ်ကူလွန်းခဲ့တာလား
သူရော သူမရဲ့ပြတ်သားတဲ့စကားတွေကြောင့် စိတ်နာသွားလောက်ပြီမဟုတ်လား
အဲ့လိုဖြစ်ရင်လဲတမျိုးကောင်းတာပါပဲ
သူမကအချစ်ဆိုတာကိုမမြည်းစမ်းရဲသူမို့
.........
"အကို နင် ဘယ်မှသွားမလည်ဘူးလား "
"အင်း ဟိုကောင်မအားဘူးတဲ့"
"သီရိရဲ့ရည်းစားကိုပြောတာလား"
"အင်း "
"ခင်သွားကြပြီပေါ့ "
"အင်း စိတ်တူကိုယ်တူလေ"
"ဖွန်ကြောင်ကြတာကိုပြောတာလား"
"......."
သူမလေးကတော့ထိုအတိုင်းပင် တဖက်သားကိုတစက်ကလေးမှအားမနာပဲပြောချပစ်လိုက်တာကိုပဲကြည့်
ပိဿလေးနဲ့ပစ်လိုက်တဲ့အတိုင်းပဲ
ဒိီလိုပွင့်လင်းတဲ့ပုံစံလေးကပဲတမျိုးကြွေစရာကောင်းနေပြန်ရော
သူမလေးရဲ့ကြည်လင်တဲ့မျက်ဝန်းတွေကြောင့် သူ့ရဲ့ရှမ်းမလေးတစ်ယောက်ကိုရည်းစားတော်မယ်ဆိုတဲ့အရေးကိစ္စကြီးကလဲကျရှုံးသွားခဲ့ပြီ
သူသံသယဝင်နေခဲ့တယ် သူမလေးအပေါ်သူ့ရဲ့ခံစားချက်ကတော်ရုံမဟုတ်ဘူးဆိုတာကိုပေ့ါ
အခုရက်ပိုင်းတွေမှာ သူမလေးနဲ့အနီးကပ်လည်ပတ်စားသောက်ခဲ့သမျှဟာ သူမနဲ့ပိုပြီးရင်းနှီးဖို့ဖြစ်လာပြီး ပိုလို့သံယောဇဉ်တွယ်လာကာ ပိုလို့သေချာလာခဲ့တယ်
YOU ARE READING
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
