ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.8.
"သင်းရနံ့မိုး!! "
သူ့ရဲ့အံကြိတ်သံပြီးပြောလာတဲ့အသံက
သူမကိုကြောင်အသွားေစခဲ့တယ်
အလုပ်ကြိုးစားပြီးမအားလပ်တဲ့သူအဖို့ ချစ်ခြင်းကိုမရယူရဲတာသဘာဝပဲ
ဘယ်သူသိမှာလဲ သူမသာအချစ်အတွက်တံခါးဖွင့်ပေးလိုက်ရင် သူမရဲ့ဘဝဘယ်လောက်တောင်ပြောင်းလဲသွားမယ် ဒါမှမဟုတ် တံတွေးခွက်ထဲပက်လက်မျောရလိမ့်မယ်ဆိုတာကိုပေါ့
ဒါပေမဲ့လဲ သူမရှေ့က လူငယ်လေးဟာ ရက်စက်ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်ပဲဆိုတာ သူမဘယ်လိုလုပ်မေ့သွားရတာလဲ
"ဘာ...ဘာလဲ ... ကျောင်းထဲမှာနော် ...ငါ ....ငါ စည်းကမ်းထိန်းသိမ်းရေးကိုသွားတိုင်ပစ်မှာ"
အာကာမိုးမြင့်ထက်တစ်ယောက် ဒေါသထွက်ဆဲမှ ရုတ်တရက်ကြက်သေသေသွားခဲ့တယ်
အမြှီးနင်းခံလိုက်ရတဲ့ကြောင်လေးတကောင်လို သူ့အနားကခုန်ပေါက်ပြေးထွက်သွားပြီး တိုင်မယ်တောမယ်လုပ်နေတဲ့သူမက လွယ်အိတ်ကိုမြောက်ကာ သူ့ကိုရိုက်မဲ့ဟန်ပြင်လာပေမဲ့လဲ မျက်ဝန်းတွေထဲမှာတော့ ကြောက်ရွံ့ဟန်ကအထင်းသားပေါ်နေခဲ့တယ်
ကောင်မလေး
ဒီလိုပုံစံက ကိုယ့်အတွက်မတရားဘူးမဟုတ်လား
ကြောက်လန့်နေတဲ့အချိန်မှာတောင် ဆွဲဆောင်မူ့အပြည့်ရှိပြီး ချစ်ဖို့အရမ်းကောင်းနေတာက သူ့ကိုအသည်းယားစေတယ်
သူမရဲ့အရိပ်တဖြေးဖြေးဝေးသွားတာကိုကြည့်ရင်း သူစိတ်ထဲကဒေါသတွေဟာ ထူးထူးဆန်းဆန်းငြိမ်သက်သွားခဲ့လေရဲ့
တကယ်ပဲ သူတော့ ဒုက္ခရောက်ပြီ
သူမလေးမျှားတဲ့ငါးမြှားချိတ်မှာချိတ်မိနေရုံတင်မက အဲ့ဒီငါးမျှားချိတ်ကနေရုန်းမထွက်ချင်သလို အစားခံနေရပေမဲ့လဲ စားတဲ့သူကိုအရိုးမစူးစေချင်တဲ့ဆန္ဒမျိုးနဲ့
သူ့ကိုယ်သူထိတ်လန့်လာခဲ့တယ်
တနှစ်ပဲ

JE LEEST
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...