chapter.15.zgi

565 10 0
                                    


Chapter .15.

လူတချို့က အချစ်ကိုပေါ့ပေါ့တန်တန်သဘောထားကြပြီး လမ်းဘေးချရောင်းနေတဲ့နှင်းဆီပန်းဝယ်သလိုမျိုး အစည်းလိုက်ဝယ်ချင်ကြတယ်

နှစ်ယောက်သုံး‌ယောက်ပြိုင်ပြီးထားကြကာ ပြသနာဖြစ်ရင်လဲ အေးအေးဆေးဆေးပြီးသွားကြတာပဲ

နောက်တော့ အချစ်သစ်ကိုရှာတွေ့သွားကြပြန်တယ်

အရမ်းကိုလွယ်ကူလွန်းခဲ့ကြတယ်

သင်းရနံ့ ကျောင်းကိုလာတဲ့တလျှောက် အချစ်ငှက်လေးတွေကိုတွေ့မိတယ် တကယ်ကိုပဲ သူမအတွက်ခက်ခဲပြီး ကျန်တဲ့သူတွေအတွက်တော့လွယ်ကူလွန်းခဲ့တာလား

သူရော သူမရဲ့ပြတ်သားတဲ့စကားတွေကြောင့် စိတ်နာသွားလောက်ပြီမဟုတ်လား

‌အဲ့လိုဖြစ်ရင်လဲတမျိုးကောင်းတာပါပဲ

သူမကအချစ်ဆိုတာကိုမမြည်းစမ်းရဲသူမို့

.........

"အကို နင် ဘယ်မှသွားမလည်ဘူးလား "

"အင်း ဟိုကောင်မအားဘူးတဲ့"

"သီရိရဲ့ရည်းစားကိုပြောတာလား"

"အင်း "

"ခင်သွားကြပြီပေါ့ "

"အင်း စိတ်တူကိုယ်တူလေ"

"ဖွန်ကြောင်ကြတာကိုပြောတာလား"

"......."

သူမလေးကတော့ထိုအတိုင်းပင် တဖက်သားကိုတစက်ကလေးမှအားမနာပဲပြောချပစ်လိုက်တာကိုပဲကြည့်

ပိဿလေးနဲ့ပစ်လိုက်တဲ့အတိုင်းပဲ

ဒီလိုပွင့်လင်းတဲ့ပုံစံလေးကပဲတမျိုးကြွေစရာကောင်းနေပြန်ရော

သူမလေးရဲ့ကြည်လင်တဲ့မျက်ဝန်းတွေကြောင့် သူ့ရဲ့ရှမ်းမလေးတစ်ယောက်ကိုရည်းစားတော်မယ်ဆိုတဲ့အရေးကိစ္စကြီးကလဲကျရှုံးသွားခဲ့ပြီ

သူသံသယဝင်နေခဲ့တယ် သူမလေးအပေါ်သူ့ရဲ့ခံစားချက်ကတော်ရုံမဟုတ်ဘူးဆိုတာကိုပေါ့

အခုရက်ပိုင်းတွေမှာ သူမလေးနဲ့အနီးကပ်လည်ပတ်စားသောက်ခဲ့သမျှဟာ သူမနဲ့ပိုပြီးရင်းနှီးဖို့ဖြစ်လာပြီး ပိုလို့သံယောဇဉ်တွယ်လာကာ ပိုလို့သေချာလာခဲ့တယ်

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Where stories live. Discover now