chapter.26.uni

1.2K 63 0
                                        

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.26.

"သမီးလေးအသက်ဘယ်လောက်ရှိပြီလဲ "

"19နှစ်ပါရှင့်"

"ငယ်သေးတာပဲ သမီးအကြောင်းကို အိမ်ကသားကခနခနပြောတယ်ကွဲ့ အရမ်းလှတယ်တဲ့ အခုတော့ သားပြောတာမှားနေတဲ့ပုံပဲ "

"ရှင် ! "

"အဟင်း လှတယ်လို့ပြောရံုနဲ့ဘယ်ရမလဲ ပြည့်စုံတဲ့အလှလို့ပြောရမှာပေါ့ "

"ရှင် ! ! ! "

အပြုံးကြီးကြီးပြုံးထားပြီး သူမကိုစိတ်ကျေနပ်စွာကြည့်နေတဲ့သူ့ရဲ့အမေကိုသူမကြောင်အစွာကြည့်နေမိတယ်

တခွန်းထဲပြောရမယ်ဆို

တခုခုတေ့ာမှားနေတယ်

မာနကြီးကြီး မျက်မှန်ကြီးနဲ့ ချီမော့နေပြီး သူမကိုရေနဲ့ပက် ဒါမှမဟုတ် ပိုက်ဆံနဲ့ပေါက်ပြီး

' ထွက်သွား !!! ငါ့ သားနဲ့တန်လို့လားတူလို့လား ' အဲ့လိုပြောမယ်ထင်နေတာ

အခုတော့ ......

သူမ ဝင်စထဲက ဒိီဧည့်ခန်းမှာ
တခုခုမှားနေတယ်လို့ခံစားမိနေတာ

မျက်လုံးထဲမှာကြယ်လေးတွေတောက်ပနေပြီး သူမကိုအပြုံးကြီးကြီးနဲ့ကြည့်နေတဲ့ဒီအန်တီရှိနေလို့များလား

"သမီးရေ အိမ်ကသားကအရမ်းဆိုးတာ သိလား အိမ်မှာအငယ်ဆုံးဆိုတော့လေ ပြောလို့ကိုမရဘူး တခုခုလိုချင်ရင် အခုချက်ချင်းမှ ဇွတ်ပဲ ဟားဟား ဒါပေမဲ့ ဟိုတလောက အိပ်ရာပေါ်ကတပတ်လောက်မထနိုင်ဘူး အန်တီတို့ကိုရစ်ဖို့မပြောနဲ့ သူ့ဟာသူတောင်မဟန်ဘူး ဟားဟားဟားး အန်တီအရမ်းဝမ်းသာတယ် သူ့ကိုတအိမ်လုံးကမနိုင်လို့လွှတ်ထားကြတာလေ သမီးပဲနိုင်တာ ပညာကောင်းကောင်းပေးပစ် သိလား"

"........."

အန်တီရေ အဲ့လိုတောင်းဆိုမူ့ကနဲနဲတော့ဆန်းတယ်နော်
ဘယ်အမေကကိုယ့်သားကိုနိုင်တဲ့သူကိုမြှောက်ပေးကြလို့တုန်း

သူမဆွံ့အနေပြီး ဘာပြန်ပြောရမလဲမသိဖြစ်နေတုန်း

"ဒါက တိတိရဲ့ရည်းစားလား ဝါးးး ဒီကောင်ကလက်သွက်တာပဲ အိမ်ကိုတောင်ခေါ်လာပြီ"

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Where stories live. Discover now