chapter.14.zgi

418 8 0
                                    


Chapter.14.

"ဘာကြောင့်လဲ ကိုယ့်ကိုတွန်းထုတ်နေတာ အကြောင်းပြချင်တခုတော့ရှိရမှာမဟုတ်လား အဲ့ဒီအကြောင်းကခိုင်လုံရင် ကိုယ်မင်းရှေ့ကိုပေါ်မလာအောင်အတတ်နိုင်ဆုံးကြိုးစားပါ့မယ် "

"သေချာလား"

"အင်း"

သူမမျက်နှာဟာ ချက်ချင်းလိုလိုတင်းမာသွားခဲ့တယ်

တည်ငြိမ်သွားပြီးစူးရှနေတဲ့သူမမျက်ဝန်း‌တွေက မုဆိုးတဦးလိုမျိုးပဲ ပြတ်သားလွန်းခဲ့တယ်

"ငါ့မိသားစုကအရမ်းဆင်းရဲတယ် ငါ့မိသားစုမှာငါကအကြီးဆုံး ငါ့အမေကမုဆိုးမ ငါတို့ကလူဦးရေများတယ် အိမ်တွင်းမူ့လုပ်ငန်းလုပ်ပြီးတော့ င့ါဝင်ငွေကလဲအရမ်းနည်းတယ် နင်ကမိဘဆီကလက်ဖြန့်တောင်းပြီးကျောင်းကိုသာသာယာယာလာတဲ့အချိန်မှာ ငါကငါသုံးဖို့အတွက် တပတ်ကိုသုံးထောင့်ငါးရာပဲရပြီး မလောက်လို့အပိုဝင်ငွေရှာရတယ် နွေရာသီဆိုရင် သူများဆီမှာသွားပြီးဆိုင်ထိုင်ကူရတယ် မနိုင်မနင်းမရတယ် လက်တွေရှပြီးသွေးထွက်လွန်းပေမဲ့လဲ အနာကပ်ပလာစတာတောင်ဝယ်မကပ်နိုင်ဘူး မနက်လေးနာရီဆိုထပြီးထမင်းချက်ဟင်းချက်နဲ့ ညပိုင်းငါ့အိပ်ချိန်က ဆယ့်နှစ်နာရီကအနဲဆုံးပဲ ငါကအလုပ်အရမ်းများတယ် ရည်းစားထားဖို့အချိန်မရှိဘူး တကယ်လို့ရည်းစားထားရင်တောင်ချိန်းတွေ့ဖို့အချိန်မရှိဘူး အဲ့တာတွေကြောင့် ငါရည်းစားမထားဘူး အခုနင့်ကိုဘာကြောင့်ငြင်းလဲသိပြီလား ပြီးတော့ ငါမကြိုက်ဆုံးတခုက ချုပ်ချယ်တာ ရည်းစားတောင်မဖြစ်သေးဘူး အခုလိုဖြစ်နေရင် ရည်းစားဖြစ်သွားပြီး‌တဲ့အခါကျနင်ချယ်လှယ်သမျှခံရတော့မှာ အဲ့ဒါကိုတွေးမိရင်ငါအရမ်းမုန်းတယ် ပြီးတော့ နင့်လိုလူဘောကြော့တစ်ယောက်ရဲ့နှလုံးသားကိုငါမယုံဘူး  နင်ကအရမ်းချမ်းသာလွန်းတယ် တစ်ယောက်ယောက်ကိုအပြစ်ပြုပြီးရင်ငွေနဲ့ကိုင်ပေါက်ပြီးဖြေရှင်းလို့ရတယ် အဲ့လိုလူတွေကိုအမုန်းဆုံးပဲ အရည်အချင်းမရှိပဲမိဘအားကိုးနဲ့ဆိုးသွမ်းနေတာမျိုး
ဒါပေမဲ့ ငါနင့်ကိုကြောက်တယ် အထူးသဖြင့် နင့်ရဲ့ငွေတွေကိုပိုကြောက်တယ် တချို့တွေက အမြဲတမ်းဆင်းရဲတယ် တချို့‌တွေကျတော့လဲ အမြဲချမ်းသာကြတယ် နင်နဲ့ငါကနဲ့က မဖြစ်သင့် မချစ်သင့် မဆုံစည်းသင့် ကြတဲ့လူတွေပဲ
အဲ့တာကြောင့် ငါနင့်ကိုဆက်တိုက်ငြင်းခဲ့တာ အခုတော့ နင်ဖြစ်စေချင်သလို နင့်ရည်းစားလုပ်ပေးတယ် ငါကငါဖြစ်စေချင်သလို ငါ့ကိုလာမနှောင့်ယှက်တာကိုလိုချင်တယ် ဒါဆိုသေချာသိပြီမလား ဘာကြောင့် တခြားမိန်းကလေးတွေလို နင့်နောက်ကိုလွယ်လွယ်နဲ့ပါမလာလဲဆိုတာ "

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Opowieści tętniące życiem. Odkryj je teraz