chapter.18.zgi

553 11 0
                                    


Chapter.18.

သင်းရနံ့တစ်ယောက် ထိုညက မျက်လုံးအကြောင်သားပင် ထူးထူးဆန်းဆန်းစိတ်လှုပ်ရှားနေလို့လား ဒါမှမဟုတ် အောက်ဆင်းသွားတုန်းက သူမကြားခဲ့တဲ့စကားတွေကြောင့်လား မသိပေမဲ့ တညလုံးပေါက်ခဲ့တော့တယ်

သူမဘဝမှာ ပထမဆုံး တစုံတစ်ယောက်ရဲ့အချစ်ဦးဖြစ်ခွင့်ရခြင်းဟာ သူမအတွက်ဘယ်လိုမှမျှော်လင့်မထားခဲ့တဲ့ကိစ္စပင်

အထူးသဖြင့် စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ထိုလူသားလေးဆီကဆိုလျှင်ပိုဆိုး

သူမ တခါမှပင်မစဉ်းစားဖူးေ‌သာအရာပင်

ဘေးမှ သူမကဲ့သို့ အိပ်မပျော်ပဲတွတ်ထိုးနေကြတဲ့သူငယ်ချင်းနှစ်ယောက်ကြားမှာရှိနေပေမဲ့ သူမတို့ပြောသမျှတခုမှလဲ နားမဝင်ဘူး

သူမရဲ့ငြိမ်သက်နေမူ့က သူငယ်ချင်းနှစ်ယောက်ရဲ့ထူးထူးဆန်းဆန်းအကြည့်ကြောင့် နိုးထလာခဲ့တော့တယ်

သူမရင်ထဲတင်းကျပ်နေလေတယ် အနီးဆုံးရှိတဲ့သူငယ်ချင်းနှစ်ယောက်ကိုသာ ရင်ဖွင့်ဖြစ်ခဲ့တော့တယ်

ဒီကိစ္စကို သူမတစ်ယောက်ထဲမကိုင်တွယ်နိုင်လောက်တော့ဘူးလို့ထင်မိလို့ အကူအညီတောင်းမိတဲ့သ‌ဘောပေါ့

ယုယကတော့ သေချာစဉ်းစားပြီးမှဆုံးဖြတ်ဖို့ပြောပေမဲ့ သီရိကတော့ တက္ကသိုလ်ရောက်‌တုန်းရည်းစားမထားရင်လူဖြစ်ရှုံးသတဲ့ ကျောင်းပြီးသွားတော့ပြန်မတွေ့ကြရတော့မှာကိုဘာတွေစိုးရိမ်နေတာလဲလို့ပြောတယ်

သူမရဲ့ရှုပ်ထွေးနေတဲ့စိတ်လဲပိုလို့ရှုပ်ထွေးသွားတော့တာပဲ

ဒါကြောင့် ‌အနွေးထည်လေးခြုံရင်း သူမအကြောင်းအကျိတ်အနယ်ဆွေးနွေးနေကြတဲ့နှစ်ယောက်ကိုထားခဲ့ကာ ပန်းခြံထဲဆင်းလာခဲ့တြောတယ်

ခရီးပင်ပန်းလို့ အနားယူနေကြတဲ့သူတွေလဲရှိပေမဲ့ ကြက်သွေးထိုးထားသလို တက်ကြွနေကြဆဲကျောင်းသားကျောင်းသူတွေကလဲ အလျိုလျို အုပ်စုဖွဲ့ပြီးထိုင်စကားပြောတဲ့သူတွေကပြော ဂိမ်းဆော့တဲ့သူတွေကဆော့နဲ့ ဌာနတိုင်းကကျောင်းသားခေါင်းဆောင်တွေကလဲလဲမအိပ်ကြရသေးဘူး

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Hikayelerin yaşadığı yer. Şimdi keşfedin